>
မြ၀တီတိုက်ပွဲအကြောင်း စစ်အစိုးရပြောပြီ၊ KNU ကို အပြစ်ပုံချ
မိုးမခအထောက်တော် အမှတ် ၀၀၂
မိုးမခအထောက်တော် အမှတ် ၀၀၂
မြ၀တီမြို့တွင် ဖြစ်ပွားသော ပစ်ခတ်မှုများမှာ KNU အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရ သတင်းစာတွင် ယနေ့ ရေးသားထားသည်။
“ပြည်သူလူထုနှင့် အလုပ်သမားများ စနစ်တကျသွားလာနေထိုင်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကေအင်န်ယူ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အား မိမိတပ်မတော်က လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း” ဟု ရေးထားသည်။
နိုင်ငံတကာ သတင်းဌာနများ၊ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများ အားလုံးက ထိုပစ်ခတ်မှုများမှာ မြန်မာ့တပ်မတော် နှင့် DKBA တို့အကြား ဖြစ်ပွားခြင်း ဖြစ်သည်ဟု ဖော်ပြကြသည်။
KNU ကလည်း လိုအပ်လျှင် DKBA ကို ကူညီ တိုက်ခိုက်ပေးမည်ဟု လေသံ ပစ်ခဲ့သည်။ သို့သော်လည်း ပါဝင်တိုက်ခိုက်သည်ဟူသော သတင်းများ အတိအကျ မရသေးပေ။
စစ်အစိုးရ၏ တလွဲ ကြေညာချက်နှင့် ပတ်သက်ပြီး KNU နှင့် DKBA တို့က တစုံတရာ တုန့်ပြန်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံအတွင်း မကြာခဏ ပေါ်ပေါက်တတ်သည့် ပေါက်ကွဲမှုများအတွက်လည်း စစ်အစိုးရက KNU ကို အပြစ်ပုံချလေ့ ရှိသည်။
ကရင်ပြည်နယ် အခြေစိုက် KNU နှင့် DKBA အဖွဲ့များ အကြောင်းကို ကော်သူးလေ နှစ်၆၀ စစ်ပွဲ http://moemaka.blogspot.com/2008/07/60-years-old-civil-war-in-karen-state.html တွင် ဖတ်ရှုနိုင်သည်။