>Ni Lon Oo – Free Daw Aung San Suu Kyi and Free Burma

>

အောင်ပွဲရသည့်တိုင်
ဖျာပုံနီလုံဦး
နိုဝင်ဘာ ၅၊ ၂၀၁၀
(၁)
လွတ်ပြီ တဲ့၊ လွတ်ပြီ
ဒို့မြန်ပြည် ငြိမ်းချမ်းရေး
အောင်ဆန်းသွေး ဇာနည်
အနာဂတ်မြန်မာပြည်
‘ဒီမို’ နှင့် လူ့အခွင့်အရေး
ဒေါင်းမိခင် ရဲရဲတောက်
ဖောက်ထွက်မယ်လေး။
(၂)
ကျွတ်ပြီကွဲ့၊ ကျွတ်ပြီ
ဒို့တိုင်းပြည် အေးချမ်းရေး
ဒေါင်းသွေးဇာနည်
အနာဂတ် ဒို့ မျှော်ရည်
ကြည်ဖြူစွာ လက်တွဲရေး
တိုင်းရင်းသားစုံ အညီနဲ့
ယိုင်းပင်းထား ချစ်ကြည်နွေးပါမှ
မြတ်မိခင် ဒေါင်းလံလွှင့်
ကြွားဝင့်ပြီလေး ။         ။
(၂၀၁၀ နိုဝင်ဘာ ၁၃ ရက်၊ အောင်ဆန်းစုကြည် လွတ်မြောက်မည့်နေ့အကြို ဂုဏ်ပြုကဗျာ)
စက်တင်ဘာ ၂၇၊ ၂၀၁၀ (အင်န်အယ်ဒီ ၂၂ နှစ်ပြည့် နေ့)