>
အောက်တိုဘာ ၃၀ – ၀ါရှင်တန် မြန်မာသံရုံးရှေ့မှာ မြန်မာများက ၂၀၁၀ ရွေးကောက်ပွဲကို ရှုတ်ချ
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၁၊ ၂၀၁၀
လွန်ခဲ့တဲ့ အောက်တိုဘာ ၃၀၊ စနေနေ့က ၀ါရှင်တန်ဒီစီ မြန်မာစစ်သံရုံးရှေ့မှာ ၀ါရှင်တန်ဒီစီမက်ထရိုက မြန်မာကွန်မြူနီတီတို့ စုဝေးကြပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။ မြန်မာပြည်က စစ်အစိုးရရဲ့ အလံအသစ် လွှင့်ထူထားတဲ့ သံရုံးရှေ့မှာ မြန်မာ့အရေးလှုပ်ရှားသူများနဲ့အတူ စစ်အစိုးရအလံရဲ့ မူလပိုင်ရှင် အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရက ၀န်ကြီးချုပ်ကိုယ်တိုင်လည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။