>Malaysian, Vietnamese vessels rescued inြBurma waters

>

မလေးရှား၊ ဗီယက်နမ်တို့မှ သင်္ဘော ၂ စီး ရခိုင်ဒေသတွင် မုန်တိုင်းမိ
ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၆၊ ၂၀၁၀

YUH FA No-9 နှင့် MV Phuchaingmon
ဂီရိ ဆိုင်ကလုန်းဒဏ် ခံလိုက်ရသော မလေးရှား၊ ဗီယက်နမ်တို့မှ သင်္ဘော ၂ စီးကို မြန်မာ့ရေတပ်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အနီး သွားရောက် ရှာဖွေ ကယ်ဆယ်ခဲ့သည်ဟု ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။

စနေနေ့ နံနက်က မုန်တိုင်းအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း သင်္ဘော ၂ စီးထံမှ အချက်ပြ သတင်းပို့ချက်ကို မြန်မာ့ရေတပ်က ရရှိခဲ့သည်ဟု ဆိုသည်။ သင်္ဘောသားများ ထိခိုက်မှု မရှိဟုလည်း ဆိုသည်။

YUH FA No-9၊ ကျူနာငါးမျှားတန်း ငါးဖမ်းရေယာဉ်
မလေးရှားအခြေစိုက်၊ မြန်မာနိုင်ငံနှင့် ဖက်စပ် ငါးဖမ်းနေသော MTO ကုမ္ပဏီပိုင်
ကျောက်တန်းတွင် တင်ပြီး ခါးကျိုးနေ။
နိုင်ငံခြားသား ရေယာဉ်အမှုထမ်း ၁၁ ဦး ပါဝင်။

MV Phuchaingmon ဗီယက်နမ် ကုန်တင်သင်္ဘော
ကျောက်တန်းတွင် တင်နေ။
အမှုထမ်း ၂၆ ဦး