>Kyaw Thu Moe Myint – Eyes has witness

>

မျက်လုံးတွေမှာ အသံတွေ ကျယ်ကျယ်လောင်လောင်ရှိတယ်
ကျော်သူမိုးမြင့်
အောက်တိုဘာ ၁၉၊ ၂၀၁၀
မိုးခေါင်လို့
ထမင်းနပ်မှန်ဖို့ အားကိုးတကြီး မော့ကြည့်
မိုးမျှော်ခဲ့ကြ ဖူးပါရဲ့
         
ဆည်
ရေမလာလို့
ပျိုးခင်းတွေ ခြောက်သွေ့
မြောင်းတွေ အကြိမ်ကြိမ် ကောခဲ့ရတယ်
အညာသားတွေ
တမိုး လိုနေကျပဲ
မိုးခေါင်တာ ဆန်းသလား။ 
မိုးရွာတာ မဆန်းပါဘူး
မိုးရွာမှ တမင်
ချိုးချလိုက်သတဲ့ ဆည်ရေ
နိမ့်ရာရွေး စီးတာ သဘာဝတရားတဲ့လား
         
ပါးစပ်တွေက စကားလုံးတွေနဲ့ မပေါက်ကွဲနိုင်သေးပေမယ့်
မျက်လုံးတွေမှာ အသံတွေ
ကျယ်ကျယ်လောင်လောင် ရှိနေတာ
ဘယ်သူ တားဆီး ပိတ်ပင် နိုင်မှာတဲ့လဲ
         
တားစီး ပိတ်ပင်မှုတိုင်းဟာ
အလုံးအရင်းနဲ့ လျှံကျလာဖို့ ကြိုတင်
ထိန်းချုပ်ထာသလိုပဲ …
ဆိုရင်
မျက်လုံးတွေမှာ အသံတွေ ကျယ်ကျယ်လောင်လောင်
ထိန်းချုပ်ထားကြတယ်။ 
         
(အောက်တိုဘာ ၁၄၊ ၂၀၁၀)