>
မြန်မာအတိုက်အခံခေါင်းဆောင် သူရဦးတင်ဦးကို စင်္ကာပူမြန်မာများ လှိုက်လှဲစွာ ဂါရ၀ပြုကြ
မိုးမခဓာတ်ပုံသတင်း အပိုင်း ၂
အောက်တိုဘာ ၁၀၊ ၂၀၁၀
(၁၀၊ ၁၀၊ ၁၀)
၂၁ ရာစု၏ ထူးခြားသော နေ့စွဲ ၁၀ သုံးလုံး – ၁၀ ရက်၊ ၁၀လ၊ ၁၀ ခုနှစ်နေ့၊ စင်္ကာပူနိုင်ငံ၊ တိုပါးယိုး မြန်မာဘုန်းတော်ကြီးကျောင်းတွင် နေ့ခင်း ၁ နာရီက စင်္ကာပူမြန်မာများ စုဝေးကြပြီး မြန်မာပြည်၏ အတိုက်အခံခေါင်းဆောင် သူရဦးတင်ဦး ဆေးကုသရန် အလည်ရောက်နေစဉ် တွေ့ဆုံ နှုတ်ဆက် ဂါရ၀ပြု ကြသည်။
အမှတ်တရ ဓာတ်ပုံများကို တင်ဆက်လိုက်သည်။ မိုးမခအထောက်တော် စင်္ကာပူကို ကျေးဇူးတင်ပါသည်။ လွတ်လပ်စွာ ကူးယူပြီး ဓာတ်ပုံမှန်ဘောင်သွင်း ချိတ်ဆွဲထားဖို့ သင့်ပါတယ်လို့ မိုးမခက တိုက်တွန်းပါတယ်။
