>some more Jokes from Gyee Daw

>

ရွေးဂေါက်ပွဲအတွက် ငွေလိုနေသူများ နဲ့ ငွေပိုနေသူများ အကြောင်း
ဂျော်ဒီး
အောက်တိုဘာ ၈၊ ၂၀၁၀


[illustration by Beruma]

“….. အရင်မိန်းမဖို့  .. ရွှေ … ဒီ ရွှေ ..။ နောက်မိန်းမဖို့ ငွေ …ဒီ ..ငွေ… ….. မပေးပေးပေး.. ပေးပေး … ပေး ငါ့ရံပုံငွေတွေ…ပေး…..။ အီး..ဟီး..ဟီး.. ရံပုံငွေတွေ ရှိတော့ဘူး…”

အလို… သနားစရာပါလား… ။ ရွှေမန်း တင်မောင် အဟဲလေး နဲ့ .. ။ ခေါင်းမှာလည်း …စပါးနှံကြီး ထိုးလို့…။ လည်ပင်းမှာလည်း နို့ဆီဘူးခွံတွေ… တို့ လို့  တွဲလောင်း..။ ဘယ်လို ဖြစ်ရှာတာပါလိမ့်…။

ဂျီး ဒေါ် တယောက် .. စိတ်ဝေဒနာသည်ကို ကြည့်ရင်း တွေး နေမိ ခိုက်..

“ဘီး ဇီး… ဘီး ဇီး.. ဂျီးဒေါ်စ်… တာ့ တာ။ အလုပ် ရှုပ်နေတယ်”

နဖူးထိပ်တွင် အရေးပေါ်ကားတွေလို မီးနီလေး မှိတ်တုပ် မှိတ်တုပ်ဖြင့် အပြေးကလေး နှုတ်ဆက်သွားသူ တူတော်မောင် သာဂိ…။ စိုး ရိမ် သည်… အရမ်း ကို စိုး ရိမ် သွား သည်..။ ငါ့ တူကလေး ငယ်ငယ် ရွယ်ရွယ်နဲ့ ခုနကလူလို စိတ်ဖောက် သွားလေပြီလား..။ စိုး ရိမ် ခြင်း ကြီး စွာ ဖြင့် သာဂိနောက် အမီလိုက် ရင်း…

“သာ ဂိ..သာ ဂိ… သတိလေး ထားပါဦး..။
ဘာ …ဘီးဇီးလဲ..။ ဇီးယိုလေး စားမလား… ဟင်”

“ဟာ..ဂျီးဒေါ်ကလည်း ..ဘယ်က စိတ် ဖောက်ရမှာလဲဗျ..။ ဘီးဇီး.. အလုပ် ရှုပ်နေတယ် လို့.. ဘိုလို ပြောတာ.. သိလား”

“သိပါဘူးဟယ် . . ။ နင်က ဘာ တွေ များ . . အလုပ် ရှုပ်နေရသတုံး..”

“ဒီ လို.. ဂျီးဒေါ်ရေ…။ ခု ရွေးကောက်ပွဲမှာ.. ဖွတ်ပါတီ ကနေ .. ၀င် အရွေးခံမယ့် .. သေငနာ ကုမ္ပဏီ ပိုင်ရှင် သူဌေးကြီးလေ…။ သူ က..သူ့ မဲဆွယ် စည်းရုံးရေးပွဲမှာ နံမယ်ကြီး ဓာတ်ရှင် မင်းသား မင်းသမီးတွေ … ခေါ်လာမယ် တဲ့..။ အဲ ဒါ .. သွား ကြည့်မလို့..။”

“ဟေ .. ဟုတ်လား..။ ဘယ်သူတွေတဲ့လဲ ဟဲ့…”

“ဟို… နာမယ်ကြီး မင်းသမီး… နံ တာ ကိုင် ရယ် ..။ ဂွင်ဒိုး .. ဆိုတဲ့ နံမည်ကြီး မင်းသားရယ်..။ သူက ဂွင် ရှိတဲ့ နေရာတွေကို ရှာရှာပြီး ဒိုး တတ် လို့…။ ဟို တလော က `ဂွင် ဒိုး… ဂွင် ရှာနေသည်” ဆို ပြီး… ဗမာ တပြည်လုံး ပြဲ ပြဲ စင်အောင် ဂွင် လိုက်ရှာတာလေ..။ နောက်ဆုံး သ တ္တုမိုင်းတွင်းတွေနား ရောက်မှ ဂွင်ကောင်းကောင်း တွေ့သွားတာ…ဟီး ..ဟီး..”

“သိ ပါ ဘူး ဟယ်… နင်တို့ ဗမာ ဓာတ်ရှင် မင်းသား မင်းသမီးတွေ..။ ငါတို့က ကိုရီးယား ကင်ချီပဲ ကြိုက်တာ…။ အွန်စောလေး တို့…လီမြောင်ဘတ် တို့.. ကင်ဂျုံအီး တို့ပဲ ကြည့် တယ်..”

“(သံနေသံထားဖြင့်) သြော် .. နေဦး။ ဂျီးဒေါ်… မင်း ၁၈ နှစ် ပြည့် ပြီလား… ဟား ဟား”

“ဟိတ်.. သာဂိ..။ လူကြီးကို နောက်စရာလား…။ ဒီသီချင်းကို နားကလောရတဲ့ ကြားထဲ..။ ငါ့ အသက် (၇၀)..။ ဘာလုပ်မလို့လဲ”

“ဟီး..ဟီး..စိတ်မဆိုးပါ နဲ့ ..ဂျီးဒေါ် ရယ်..။ ဂျီး ဒေါ် အတွက် ဂွင်တခု တွေ့ ထား လို့ ပါ…။ လာ..လာ..ဂျီး ဒေါ်လည်း လိုက် ခဲ့..။ သေငနာကုမ္ပဏီ ပိုင်ရှင်ကြီး ရဲ့  မဲဆွယ်ပွဲကို..”

“ဘာလုပ်ရမှာတုံး… ငါ က.။ နင်တို့ ရွေးကောက်ပွဲ စိတ်မ၀င်စားဘူးလို့ ပြောပြီးပြီနော်…”

“သြော်..ဂျီး ဒေါ် ရယ်..ကျနော်လည်း စိတ်မ၀င် စား ပါ ဘူး..။ စိတ် မ၀င်စား ပေမယ့် ကျနော် တို့  က သူတို့ ဘာ တွေ မတရား လုပ် တယ် ဆိုတာတွေကို စောင့်ကြည့် ပြီး…ကမ္ဘာက သိအောင် ဖော်ထုတ် ရမယ်လေဗျာ…။ ဒီ…သေငနာကြီးက… သူ့မှာ ပိုက်ဆံတွေ ဘယ်လောက် ရှိနေတယ် ဆိုတာတောင် မသိအောင်ကို ချမ်းသာနေတာ တဲ့…။ သူ့ကို မဲထည့်မယ် ဆိုရင် ကြိုက်ရာ အချက် (၅) ချက် တောင်း ..သူ ပေးနိုင်တယ် တဲ့….ဟိ…ဟိ..။ သူ့  ဘေး က သူ့သား ဇနီး မင်းသမီးလေး နံတာကိုင် ကို တောင်းလိုက်ရ ကောင်းမလား လို့…. တွေးနေတာ… ဟီး ဟီး…”

“လုပ် လာ ဘီ… သာဂိ နော်..”

“အလကား..စ တာ ပါ ဗျာ..။ ကျနော်က နံတာဆို မကိုင်ဘူး..ဟိ။ ဒီမှာ..ဂျီးဒေါ် …ရွေး ကောက်ပွဲ အသုံး စရိတ်က သိန်း(၁၀၀) ထက် ပိုမသုံး ရ ဘူး လို့ ကော် မရှင်က သတ် မှတ် ထား တာ..။ အ ခု. ..ဒီ ငနဲကြီးက သိန်း သောင်း ချီ ပြီး သုံးမယ် ကြားနေလို့… ကျနော်တို့…စောင့်ကြည့် နေတာ…။”

“အေး..ဒါဆို ..နင့်ဖာသာ သွား…ငါ မလိုက် ဘူး..”

“သြော်..ဂျီးဒေါ် ရယ်… ဒီငနဲကြီးက .. မဲဆွယ်တဲ့ အနေနဲ့ အသက် (၇၀) ကျော်တွေကို ထောက်ပံ့ငွေတွေ… ပေးဦးမှာ..။ အဲဒါ ကိုယ့် ဂျီးဒေါ်လည်း ထောက်ပံ့ငွေလေး ဘာလေး ရအောင်လို့…”

“ဟေ… အဲလိုလဲ ပေးသေးတယ်လား…။ သူ ငွေတွေ ဒီလောက် ဘယ်က ရနေတာပါလိမ့်…”

“သူက ဗိုလ်ချုပ်ကြီး….အဲ လေ …ယောင် လို့… ဦး..ဦး.။ အဲ ဒီ ဦး ငါရ လေပန်း နဲ့က အမျိုး အရင်းကြီး ရှိသေးတာ… တစီးပွားထဲ ဆိုတော့ ဒီ လောက်တော့…အပျော့ပေါ့… ဂျီးဒေါ်ရဲ့ …။ ခု ဆို … ဟို.. အများပိုင် ခမောက် ယူဆောင်းရေး အင်အားစု ပါတီကို ငွေတွေ ပုံအော လှူလိုက်သေးတယ်..။ ကိုယ့်ကို ယှဉ်မယ့် ပါတီကိုတောင်…သဘောထားကြီးကြီး နဲ့… ရက်ရက် ရောရောကို လှူတာနော်…။ ဟို ပါတီက လူတွေတော့… အချင်းချင်း အဝေ မတဲ့ လို့ စမက်ဒေါင်းတွေ ချ ကုန် ဘီ… ဟိ .. ဟိ”

ထို စဉ်…..

“….. အရင်မိန်းမဖို့  .. ရွှေ … ဒီ ရွှေ ..။ နောက်မိန်းမဖို့ ငွေ …ဒီ ..ငွေ… ….. မပေးပေးပေး.. ပေးပေး … ပေး ငါ့ရံပုံငွေတွေ…ပေး…..။ အီး..ဟီး..ဟီး.. ရံပုံငွေတွေ ရှိတော့ဘူး…”

“ဟဲ့ ..သာ ဂိ..အဲ ဒါ ဘယ်သူ လဲ…”

“သြော်…သူက ..ဟင်း ခတ် အမွှေး အကြိုင် ပါ တီ က လေ…။ တိုင်းပြည်ပိုင် ငွေကြေး.. ပါတီပိုင် သိမ်း ရေး ပေါ်လစီ ကို စတင်သူ စွန့်ဦး တီ ထွင် ကြီး ပေါ့…။ သေငနာတို့ ဖွတ်ပါတီက သူ့ နောက်မှ လိုက်လုပ်ရ ရှာတာ..။ ခု တော့… သူခိုးလက် သူဝှက်လု ဆိုသလို…ပါတီပိုင် ငွေတွေကို နယ်တွေမှာ အဆင့်လိုက် ခွဲဝေ ပေးထားတာ…။ တကယ် အရေး အကြောင်းလည်း ကြုံရော.. ကိုယ့်အိတ်ထဲ ကိုယ်ထည့်ကြတာ များသွားလို့… ဖွတ်ပါတီလောက် ငွေ မသုံးနိုင်တာ နဲ့ … စိတ်ဖောက်သွားတာ ဗျ..”

“အင်း .. ..”

“ကဲ.. သွားစို့  ဂျီးဒေါ်..။ နောက်ကျလို့ ထောက်ပံ့ကြေး မရပဲ နေမယ်..”

“သွားပါ ..သာဂိရယ်။ ငါ လိုက်တော့ပါဘူး…။ ငါ့ကိုယ်စား…ဟို.. စိတ်ဝေဒနာရှင်ကြီးပဲ ခေါ် သွား လိုက် ပါ ကွယ်..။ သူ ခမျာ ရံ ပုံ ငွေ လို နေရှာ တယ် … မဟုတ်လား”

( ဤတွင်…ကားလိပ် ချး)

[တိုက်ဆိုင်မှု ရှိလျှင် ထိုသူတို့ကို ရည်ရွယ်ပါသည်။]