>need to find the solution for the country

>

တိုင်းပြည်မှာ ပြဿနာမကြီးအောင် အစိုးရက နည်းလမ်းရှာပါ
ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦး
အောက်တိုဘာ ၈၊ ၂၀၁၀ပဲခူးမြို့ ဒီမိုကရက်တစ် ပါတီ ရုံးရှေ့မှ သောကြာနေ့ မြင်ကွင်း (photo:AP)


ရွေးကောက်ပွဲ ဆိုတာက နိုင်ငံရေး စစ်ပွဲတပွဲဗျ၊ နိုင်ငံရေးစစ်ပွဲဆိုတာက လူတိုင်း ပါဝင်ပြီးတော့ လှုပ်လှုပ် ရှားရှား ဖြစ်ရတာ။ ဒါ အပြောင်း အလဲကြီး တခု ဖြစ်ရမှာ။

အဲဒီတော့ ရှေးတုန်းက ရွေးကောက်ပွဲဆိုတာနဲ့ တပြိုင်နက် ရွာတွေ၊ မြို့တွေ၊ ရပ်ကွက်တွေထဲမှာ အစုလိုက် အစုလိုက် ဟိုနားတစု၊ ဒီနားတစုနဲ့ တိုင်ပင်ကြ။ ဘယ်သူ့ပေးမလဲ၊ ဘာပေးမလဲ။ ဘယ်လိုတုန်း။ အဲလို လျှောက် ဆွေးနွေးကြ၊ ဒီလို ဖြစ်ခဲ့တာ။

နောက် တချို့ရွာတွေ ဆိုလို့ရှိရင် တည်မြဲ… သန့်ရှင်း… ပ၊ မ၊ ည၊ တ ကွဲတုန်းက ဆိုရင် ထမီအနီတွေနဲ့ … အဝါတွေနဲ့ …အပြာတွေနဲ့ … မိန်းကလေးတွေ လှုပ်ရှားနေတာ ပွဲတော် ကျနေတာပါပဲ။

ပီးတော့ နွားတွေ ဘာတွေ ဆိုရင်လည်း နွားအလှတွေကို ဂျိုတွေမှာ အလံတွေ၊ ပ၊ မ၊ ည၊ တ တို့ တည်မြဲအလံတို့ သန့်ရှင်းအလံတို့ ဆိုတာတွေ ချိတ်ပြီး ရွာထဲမှာ မောင်းကြ ပြုကြ အဲသလို ပြိုင်နေကြတာ။

အခု ဒီရွေးကောက်ပွဲကတော့ ဘာဖြစ်လဲ ဆိုတော့ လူတွေကြားထဲ သွားကြည့်လိုက်တယ်။ ရွေးကောက်ပွဲအကြောင်း ပြောမယ့်လူ ဆိုတာ ရှားရှားပါးပါးပဲ။ ပြောမယ့်လူကို မတွေ့ဘူး။

ကိုယ်က စပြီးပြောလိုက်တော့လည်း ကိုယ်က ရင်းနှီးတဲ့ သူတွေနဲ့ တွေ့လိုက်တော့လည်း သူတို့က မပြောချင် ပြောချင်နဲ့ ဘယ်လို ပြန်ပြောတုန်း ဆိုတော့ – ရွေးကောက်ပွဲက အဖြေရပြီးသားကြီးဗျာ၊ ခင်ဗျား ဘာထူးမှာတုန်း-တဲ့။ အဲဒီလို စိတ်ကုန်နေကြတယ်။ အရပ်ထဲမှာ၊ ဈေးထဲမှာ အကုန်လုံးပဲ။ စိတ်မဝင်စားကြဘူး။ ဘယ်မှာမှ ဝင်စားတာ မတွေ့ဘူး။

အဲဒီတော့ အခုဟာက ဘာဖြစ်နေလဲဆိုတော့ ဒီရွေးကောက်ပွဲမှာ မျှော်လင့်ချက်လည်း မထားကြဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ။ ဒီရွေးကောက်ပွဲကတော့ – ပြီးရင် အစိုးရတရပ်တော့ ပေါ်လာမှာပဲ။ အဲဒီ ပေါ်လာတဲ့ အစိုးရရဲ့ အုပ်ချုပ်မှုတော့ ခံနေရမှာပဲ။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲကို လူထုကတော့ အသိအမှတ်ပြုမှာ မဟုတ်ဘူး။

လူထု အသိအမှတ်မပြုတဲ့ အရင် တရားမဝင်အာဏာသိမ်းထားတဲ့ ပုံစံမျိုးလိုပဲ အဓိပ္ပာယ် သက်ရောက်သွားမှာပဲ။ လူတွေ သေမထူး၊ နေမထူး ဆိုတဲ့ အမြင်တွေ ဝင်လာပြီးရင် တိုင်းပြည်မှာ မမျှော်လင့်တဲ့ ပြဿနာမျိုးကြီး ကြီးကျယ်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်သွားနိုင်တယ်။

ဒါ့ကြောင့် အစိုးရအနေနဲ့ ဒီလို ပြဿနာတွေ တိုင်းပြည်မှာ ကြီးကြီးမားမား မဖြစ်အောင် နည်းလမ်းရှာဖို့ ကောင်းတယ်လို့ ပြောချင်တယ်။

မူရင်း – ဗွီအိုအေ အသံလွှင့်ဌာန၊ http://www.voanews.com/burmese/news/special-reports/politics/103900279.html