>Ni Lwin Thwe (Dhathanika) – Poem for Ko Kyi San

>

ရိုးမအနောက်ခြမ်းက အာဇာနည်
နီလွင်သွေး (ဒဿနိက)
အောက်တိုဘာ ၅၊ ၂၀၁၀

ကြယ်တပွင့်
လွင့်လို့ကြွေ
နွေဦးကိုဆွတ်ခူးရင်း။

ဧရာဝတီ
စုစည်းညီညွတ်
ခွပ်လက်ပြင်လော့။

မိုးမခ
ရိုးမ
မြရာပင်
ဒေါင်းခွင်
သံလွင်မြစ်
သစ္စာတရား။

ကျောင်းသားစစ်သည်
နီရဲရင့်တဲ့ ပိုင်းဖြတ်ချက်
ရန်သူ့လက်ထက်မှာ
ခန္ဓာကို ဘက်နက်နဲ့ မွှန်းထားလျှက်
သစ္စာမပျက်ယွင်း
သေခြင်းတရားကိုသာ တောင်းဆိုခဲ့။

ဒေါင်းဆိုတာ
ခေတ်ရဲ့တောင်းဆိုချက်
အသက်တွေကို စတေးပေးလှူ
ပြည်သူတွေရဲ့လွတ်မြောက်ရေး
သွေးအသက်နဲ့ ပေးဆက်ခဲ့။

နီလော့ဧရာဝတီ
ဧရာဝတီနီလော့
တပြည်လုံး ဒေါင်းအလံလွှင့်
အသင့်အနေအထားနဲ့
ကျောင်းသားစုံ သူပုန်ထစို့။ ။

(၉၊ ၃၀၊ ၁၉၉၅ ခုနှစ်တွင် ကျဆုံးသွားသော ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်၊ ပြည်မြို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်၊ ကျောင်းသား တပ်မတော်တပ်ရင်း (၆၀၁) တပ်မှူး ရဲဘော် ကြည်ဆန်းနှင့် ခေတ်အဆက်ဆက် စွန့်လွှတ်တိုက်ပွဲဝင်ခဲ့ကြတဲ့ ညီအကိုတော် ကျောင်းသား အာဇာနည် သူရဲကောင်းများကို ဤကဗျာဖြင့် ဦးညွှတ်အလေးပြုပါသည်)

၁၀၊ ၂၊၂၀၁၀ (စနေနေ့)

သရုပ်ဖော် – အောင်ထက်