>
ရွေးကောက်ပွဲပြီးလျှင် ဒေါ်စုကို ပြန်လွတ်ပေးမည်ဟု ဆို
AFP သတင်းဌာန
စက်တင်ဘာ ၃၀၊ ၂၀၁၀
ယမန်နှစ် သြဂုတ်လတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် သက်တမ်း ၃ နှစ် တိုးမြှင့်ခဲ့သည်။ သို့သော်လည်း “ကောင်းမွန်စွာ နေထိုင်လျှင်” ၁ နှစ်ခွဲအကြာတွင် ပြန်လွတ်ပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့် ထုတ်ခဲ့သည်။ ဓာတ်ပုံမှာ ၂၀၀၉ နိုဝင်ဘာ ၄ ရက်နေ့တွင် ရိုက်ကူးထားခြင်း ဖြစ်သည်။
AFP သတင်းဌာန
စက်တင်ဘာ ၃၀၊ ၂၀၁၀

ရွေးကောက်ပွဲအပြီး မကြာမီ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးမည်ဟု အရာရှိများက ယနေ့ ပြောလိုက်သည်။
နေအိမ်အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည် ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိများက ပြောသည်။
“ရွေးကောက်ပွဲလည်း ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လာမယ် ဆိုတော့ ကျနော်တို့အတွက်တော့ နိုဝင်ဘာလက အရေးကြီးတယ်၊ အလုပ် များလိမ့်မယ်” ဟု မြန်မာအရာရှိ တဦးက AFP ကို ပြောသည်။
ရွေးကောက်ပွဲ ကျင်းပမည့် ရက်မှာ နိုဝင်ဘာ ၇ ရက်နေ့ ဖြစ်သည်။
လွတ်မြောက်လာမည့်နေ့မှာ ထိုနေ့ပင် ဖြစ်ကြောင်း တခြား မြန်မာအရာရှိ တဦးက ပြောဆိုသည်။ “ဥပဒေအရ သူ အဲဒီနေ့ လွတ်မှာပါ” ဟု သူက ဆိုသည်။