>U Moe Hein – Funeral Service

>

Justify Fullစာရေးဆရာ ဦးမိုးဟိန်း (သားဂျာနယ်ကျော်) ဈာပန မီးသင်္ဂြိုဟ်ပြီးစီး
တာရာဝေယံ၊ ရန်ကုန်
စက်တင်ဘာ ၂၇၊ ၂၀၁၀

စာရေးဆရာ ဦးမိုးဟိန်း(သားဂျာနယ်ကျော်) ၆၈ နှစ်ရဲ့ ဈာပနကို စက်တင်ဘာ ၂၅ ရက်၊ မနက် ၁၁ နာရီက ရန်ကုန်မြို့ရေဝေးသုဿန်မှာ မီးသင်္ဂြိုဟ် ပြီးစီးခဲ့ပါတယ်။ ဈာပနကို နိုင်ငံရေး၊ စာပေအနုပညာနယ်ပယ်မှ ပုဂ္ဂိုလ်များ ၁၀၀၀ ကျော်ခန့် လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဆရာဦးမိုးဟိန်းဟာ ဂျာနယ်ကျော် ဦးချစ်မောင်+ဒေါ်မမလေးတို့ရဲ့ သားဖြစ်ပါတယ်။ ‘သင့်’ ‘သားဂျာနယ်ကျော်’ စတဲ့ ကလောင်အမည်တွေနဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ကဗျာ၊ စကားပြေတို့ကို ရေးသားခဲ့သူဖြစ်ပါတယ်။

ဆရာနန္ဒာသိန်းဇံရဲ့ ‘ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း’ (Through Life’s Perils)၊ ဒေါက်တာ အရှင်ပညိဿရ (ဓမ္မဒူတ ဆရာတော်) ရဲ့ ‘ဝိပဿနာရှုနည်း’ (Mind and Concise Vipassana Meditation)၊ ဆောင်းဝင်းလတ်ရဲ့ ‘ဘာကိုရွေးမလဲ ရွာကလေး ဝတ္ထုတို’ (What will you choose little Village) တွေကို မြန်မာဘာသာမှ အင်္ဂလိပ်သို့ ပြန်ဆိုရေးသားခဲ့ပါတယ်။

ဦးမိုးဟိန်း ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ကြည်ကြည်နု၊ သား ဦးမိုးသန့်၊ သမီး ဒေါ်ဟိန်းဟိန်းမြတ်၊ ဦးဗထူးချစ်၊ မြေး မောင်ချမ်းမြေ့ထူးတို့ ကျန်ရစ်ပါတယ်။ ကွယ်လွန်သူကို ရည်စူးပြီး ၂၉. ၉. ၂၀၁၀ ဗုဒ္ဓဟူးနေ့ နံနက် ၈ နာရီမှ ၁၀ နာရီအထိ အမှတ် (၁၂/A) သီရိဇေယျာလမ်း ၁၆ ရပ်ကွက် ဘောက်ထော် ပြည်သာယာ ရန်ကင်းမြို့နယ် နေအိမ်မှာ အလှူပြုလုပ်မှာဖြစ်တဲ့အတွက် ကြွရောက်ကြပါရန် ဖိတ်ကြားထားကြောင်း သတင်းရရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts