>new head of Oo Pai

>

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ
ဗိုလ်ချုပ် ခင်ဇော်ဦး ဖြစ်လာ
မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၂၇၊ ၂၀၁ဦးပိုင်၏ အင်တာနက် စာမျက်နှာကို အင်္ဂလိပ်၊ တရုတ် နှစ်ဘာသာဖြင့် ရေးထားသည်။


ယခင် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး တာဝန်ယူခဲ့သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ရာထူးကို မကြာမီက စစ်ရေးချုပ် ရာထူး ခန့်အပ်ခြင်း ခံခဲ့ရသူ ဗိုလ်ချုပ် ခင်ဇော်ဦးအား ပြောင်းလဲ တာဝန်ပေးခဲ့ကြောင်း ယမန်နေ့ထုတ် သတင်းစာတွင် ဖေါ်ပြထားချက်အရ သိရှိရသည်။

ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန်တွင် တည်ဆောက်ထားသည့် ရမ္မာ မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲတွင် ရန်ကုန်တိုင်း အထူး စစ်ဆင်ရေးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ၊ ဦးပိုင် လီမိတက်၏ ဥက္ကဋ္ဌသစ် စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦးနှင့် အတူ ယခင်ဥက္ကဋ္ဌ န၀တ ကောင်စီဝင် ဦးတင်အေး တို့ တက်ရောက်ခဲ့ကြသည်။

ဗိုလ်ချုပ်ခင်ဇော်ဦးမှာ တနင်္သာရီတိုင်း အခြေစိုက် ကမ်းရိုးတန်း စစ်ဒေသတိုင်းမှူး အဖြစ်မှ လွန်ခဲ့သည့်လက စစ်ရေးချုပ်ရာထူးသို့ တိုးမြှင့်ပေးခြင်း ခံရသူဖြစ်သည်။ ဗိုလ်ချုပ်ခင်ဇော်ဦးမှာ ရေးမြို့ ဇာတိဖြစ်ပြီး ရေးမြို့မှ ပညာသင်ကြား အောင်မြင်ခဲ့သူဖြစ်သည်ဟု ၄င်းနှင့် ကျောင်းနေဘက် တဦး ဖြစ်သူက ပြောသည်။

လွန်ခဲ့သည့် လနောက်ဆုံးပတ်က ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးမှ အနားယူခြင်း ခဲ့ရသည့် ဦးတင်အေးသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို နှစ်ကာလ အတန်ကြာ တာဝန်ယူခဲ့သူဖြစ်ပြီး သား ဖြစ်သူ ဦးဇော်မင်းအေးမှာ ပြည့်စွမ်းရည် ကုမ္ပဏီ အုပ်စု ပိုင်ဆိုင်သူဖြစ်သည်။ ပြည့်စွမ်းရည် ကုမ္ပဏီ အုပ်စုတွင် မိုးဆမ်းပန်း၊ အီကိုဗီးရှင်းတို့လို မီဒီယာ လုပ်ငန်းများ အပြင်၊ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီ၊ ဇီလီယံ ဖျော်ဖြေရေး ကုမ္ပဏီနှင့် အခြားသော ကုမ္ပဏီများလည်း ပါဝင်သည်။

ဖခင်ဖြစ်သူက မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို တာဝန်ယူစဉ်ကတည်းက ထိုလီမိတက်နှင့် ပတ်သက်သည့် ကန်ထရိုက်များလည်း ရရှိထားသည်ကို တွေ့ရသည်။ ပန်းဆိုးတန်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ယခင် ကုန်သွယ်လယ်ယာရုံး အဆောက်အအုံကို ဦးပိုင်လီမိတက်မှ တဆင့် ဦးဇော်မင်းအေးက ငှားရမ်းပြီး ရူဘီမတ် အမည်ဖြင့် ကုန်တိုက် ဖွင့်လှစ်ရန် ပြင်ဆင်နေသည်ကိုလည်း တွေ့ရသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှာ မြန်မာနိုင်ငံရှိ အကျိုးအမြတ်ကောင်းသည့် သယံဇာတ ထုတ်ယူသည့် လုပ်ငန်းများ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ သင်္ဘော ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်ထုတ် စက်ရုံများနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများစွာကို ပိုင်ဆိုင်လုပ်ကိုင်လျက်ရှိပြီး ရရှိသည့် အကျိုးအမြတ်များကို အစိုးရဘတ်ဂျက်ဖြင့် မလောက်ငှသည့် စစ်တပ်သို့ ထောက်ပံ့လျက်ရှိသည့် စီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည်။ နိုင်ငံခြား စီးပွားရေးပညာရှင် အချို့၏ ခန့်မှန်းချက်အရ မြန်မာ့ စီးပွားရေး၏ ၆၀ ရာခိုင်နှုန်းသည် ဦးပိုင်လီမိတက်၏ လက်ဝယ် ရှိနေသည်ဟု ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts