>COBA – LA invites Burmese Community on Sept 25th 2010

>

ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ အယ်လ်အေက စက်တင်ဘာ ၂၅ ကို ဖိတ်ပြီ
မိုးမခအထောက်တော် ၀၀၂
စက်တင်ဘာ ၂၃၊ ၂၀၁၀
လာမည့် စနေနေ့မှာ အယ်လ်အေက ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက မြန်မာပြည်တွင်းက စေတနာဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူများကို ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်နိုင်ရန်အတွက် ရန်ပုံငွေပွဲတခုကို ဖိတ်ကြားလိုက်ပါတယ်။ ဂီတဆည်းဆာနဲ့ ရသာစုံညနေခင်းလို့ အမည်ပေးထားတဲ့ မြန်မာပြည်ချစ်သူများရဲ့ ပွဲတော်မှာ မြန်မာသီချင်းများကို ကာရာအိုကေစက်များနဲ့ သီဆိုရင်း စားသောက်ဖွယ်ရာများကို အားပေးသုံးဆောင်ရင်း ရန်ပုံငွေအလှူ စုဆောင်းကြမှာ ဖြစ်ပါတယ်။
“အဆိုဝါသနာပါတဲ့သူတွေကော၊ အစားဝါသနာပါတဲ့သူတွေသာမက အက၀ါသနာပါတဲ့သူတွေကပါ ၀ိုင်းပြီး အားပေးကြမယ်လို့ ပြောပါတယ်။ အောင်ဇေခန်းမက မေတ္တာနဲ့ ပေးပြီး သုံးပါတယ်။ အခုကတည်းက လုပ်အားပေးတွေက ၀ိုင်းပြီး ပြင်ဆင်နေကြပြီ။” လို့ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေတဦးက ပြောပါတယ်။
ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ အယ်လ်အေဒေသ ရေးသားထားတဲ့ ဖိတ်ကြားစာကို ပူးတွဲ ဖော်ပြလိုက်ပါတယ်။
ချစ်သူငယ်ချင်းများနှင့် ခင်မင်သော မိတ်ဆွေအပေါင်းတို့
ပြည်သူ့ ဂုဏ်ရည်ဆု ဆိုတာ မနှစ်က၂ဝဝ၉ မှာ စိတ်ကူးရပြီး  (၂ဝ၁ဝမှာ) စပြီး အကောင်အထည်ဖေါ်ခဲ့တဲ့ မြန်မာလူငယ်လေးတစုရဲ့ စိတ်ကူးလေးပါ။
နာဂစ်မုန်တိုင်းဘေး မတိုင်ခင်ကတည်းက စပြီး မကြာခင်က ရေရှားပါးမှု အထိ အခက်အခဲ များစွာနဲ့ ကြုံတွေ့နေထိုင်နေရတဲ့ ပြည်တွင်းမှ လူအများ၊ နေ့စဉ် နေမှု ထိုင်မှု၊ စားသောက်မှုက စပြီး ကျမ်းမာရေးနဲ့ သေမှု အဆုံးထိ အဆင်ပြေအောင် တတ်နိုင်သမျှ တတပ်တအား ကူညီနေတဲ့ ပြည်တွင်းမှ စေတနာရှင်၊ မေတ္တာရှင် အခမဲ့ လူမှုဝန်ထမ်းများကို သူတို့ရဲ့ လူမှုရေး ကူညီမှုများကို အသိအမှတ်ပြု ဂုဏ်ပြု လိုတဲ့ မြန်မာလူငယ်လေး တစုရဲ့ တင်ပြလာတဲ့ ဆန္ဒကို ကမ္ဘာတဝန်းမှ မြန်မာပြည်သူများက အထောက်အကူပြု လို့ ပထမဆုံး ၂ဝ၁ဝ ခုနှစ်အတွက် မြန်မာ့ သားကောင်း ပြည်သူ့ဂုဏ်ရည်ဆုကို “ကိုကျော်သူ” မှ အရွေးချယ်ခံခဲ့ရပါတယ်။
ဆန်ကာတင် အဆင့်ဝင် လေးဦးနဲ့ အခြား လူမှုရေးလှုပ်ရှားသူများထဲမှ လာမဲ့ ၂ဝ၁၁ အတွက် ဆုလက်ခံမည့်သူကို ထပ်မံ ရွေးချယ် ဆုပေးဦးမှာ ဖြစ်ပါတယ်။
မိမိတို့ သိရှိသော၊ ဆု ချီးမြင့်ထိုက်သည် ထင်သော လူမှုဝန်ထမ်းကောင်းများကို  နာမည်စာရင်း တင်သွင်းနိုင်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်များ၊ အဆက်အသွယ်များကို ရှာဖွေ စုဆောင်းပြီး ပြည်သူ့ဂုဏ်ရည် ဝက်ဘ်ဆိုက် www.citizenofburma.org  ကို ပို့နိုင်ပါတယ်။
အရွေးချယ်ခံ ပြည်သူ့ဂုဏ်ရည်ရှင် တဦးတဖွဲ့တည်း သာမက၊ ဆန်ကာတင် နောက်ဆုံးအဆင့် အရွေးချယ်ခံရ သူများကိုပါ ထိုက်တန်သော ငွေသားဆု များ ချီးမြှင့်နိုင်ရန်အတွက် လိုအပ်သော ရန်ပုံငွေ ရှာပွဲကို ကြွရောက် ပါဝင် အားပေး ချီးမြှင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။
လူမှုရေး အကူငွေလည်းထည့်ရင်း ခံတွင်းတွေ့စရာ ရသာစုံ စားဖွယ်ရာများလည်း သုံးဆောင်ရင်း ပျော်ပျော်ပါးပါး သီဆိုနားဆင်နိုင်ကြစေရန် စီစဉ်ပေးထားပါသည်။
          နေ့ရက် – စက်တင်ဘာ ၂၅၊ ၂၀၁၀
          အချိန် – ညနေ ၅ နာရီ မှ ည ၁၀ နာရီ
          နေရာ – 635 E. Garvey Ave. Monterey Park, CA 91755 (မြန်မာတို့ဆုံစည်းရာ – အောင်ဇေခန်းမ)
          ဖုံး – ၂၆၂-၄၇၈-၇၇၁၇။ ၆၂၆-၃၈၃-၆၉၀၁

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts