>Kan Htun Thit – Yupakalan

>

ရူပကလမ်း
ကံထွန်းသစ်
စက်တင်ဘာလ ၂၁၊ ၂၀၁၀

(၁)

နံနက်တွင်ထွက်မည့် ပြည် ကူးတို့သင်္ဘော၊ ဒါမှမဟုတ် လိုင်းတိုခေါ် သင်္ဘောတစင်း ရှိမရှိသေချာစေရန် စုံစမ်းပြီး ဂေါဝန် ဆိပ်ကမ်းမှ အပြန်၊ လမ်းလျှောက်၍ပြန်ခဲ့မိသည်မှာ မှားပြီဟု တွေးမိလာသည်။ မှတ်မိဖူးသော ရုပ်ရှင်ရုံလွန်လျှင် ဒေဝန်းရပ်ကို ရောက်ကိုရောက်ရမည် ခုရောက်နေတာဒေဝန်းရပ်မှ ဟုတ်ရဲ့လားမသိ၊ ဒီအရပ်ကဖြတ်ထွက်လိုက်လျှင် နီးသည်ဟုသိထားသည်၊ ခုတော့မူ …။