>
မြန်မာပြည် ချွတ်ခြုံကျ၊ ချာတူးလန်သွားစေရန် စွမ်းဆောင်နိုင်သူ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှစ်ပေါင်းများစွာ ကုလားထိုင် မြဲနေရခြင်း အကြောင်းကို ကျွန်ုပ်တို့၏ ကာတွန်းဆရာ ဘီရုမာက ယနေ့ ဖော်ထုတ်လိုက်သည်။
သူ၏ ရှာဖွေတွေ့ရှိမှုကို မိုးမခ ပရိသတ် လူကြီးမင်းများ ဆော့ရန် လတ်တလော တီထွင်လိုက်သော ဂိမ်း အသစ်တွင် တွေ့နိုင်သည်။
ဤဂိမ်းသည် ဘီရုမာက မိုးမခ ပရိသတ်တို့ လက်ဆော့နိုင်ရန် တီထွင်လိုက်သည့် ပဉ္စမမြောက် ဂိမ်း ဖြစ်သည်။
ဤဂိမ်း ထွက်ပေါ်လာချိန်သည် ဗိုလ်ချုပ်မှူးကြီး တရုတ်ပြည်သွားရန် အထုတ်အပိုး ပြင်နေချိန်နှင့် တိုက်ဆိုင်နေသည်။
“တရုတ်ပြည်ရောက်ရင် ဒီဂိမ်းအကြောင်း ပြောပြပြီး သူ လက်မ ထောင်လို့ ရတာပေါ့နော်။ ရှန်ဟဲ ကုန်စည်ပြပွဲကို သူတက်မယ် ဆိုတော့ သူ့နဲ့ ပတ်သက်တဲ့ ဂိမ်းအဟောင်းတွေ ကျနော် ထွင်ထားတာ ရှိတယ်လေ၊ အဲဒါတွေလည်း ပြပွဲတင်လို့ ရတာပေါ့နော်” ဟု ကာတွန်းဆရာက အတည်ပေါက် ရှင်းပြသည်။
ပြပွဲတွင် ဂိမ်းများ အရောင်းတည့်ပါက ရောင်းရငွေများကို နိုင်ငံတော်သို့ လှူဒါန်းမည်ဟု ကာတွန်းဆရာ ဘိရုမာက ပြောသည်။
ဘီရုမာ လက်ဆော့ထားသည့် Game များ
ဂိမ်းအမှတ် ၁ – နွားကျောင်းသား နှင့် လေထီးဆင်း ပေါတာကြီး (ကလစ်)
ဂိမ်းအမှတ် ၂ – ပေါတာကြီးကို ဆော်မယ် (ကလစ်)
ဂိမ်းအမှတ် ၃ – ပေါတာကြီးတို့ ကဲတဲ့ပွဲ (ကလစ်)
ဂိမ်းအမှတ် ၄ – ၂၀၁၀ ရွေးကောက်ပွဲ ဂုဏ်ပြုဂိမ်း (ကလစ်)
ယခု ဂိမ်းအမှတ် ၅ – ပေါတာကြီး ဘာကြောင့် အာဏာမြဲနေရသလဲ (ကလစ်)