>Kyaw Thu – Saw Wai’s 3 Artist’s Show

>

အနုပညာသမားများ … ပွေ့ဖက်ထား
ကျော်သူ
စက်တင်ဘာ ၂၊ ၂၀၁၀

၁.၉.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပင်အိုရွက်နု ပန်းချီသင်တန်းအပြီး ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အဓိပတိ ပန်းချီပြခန်းတွင် 3 Artist’s Show အမည်ဖြင့် ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီ ဦးမိုးသူ၊ ကဗျာဆရာ ပန်းချီ ကိုစောဝေနှင့် ကိုစောဝေ၏ သမီး Ewi တို့ ရေးဆွဲထားသည့် ပန်းချီလက်ရာ ကားချပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ ပန်းချီဆရာ ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်တို့သည် 3 Artist’s Show ပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ သွားရောက်အားပေး လေ့လာကြည့်ရှုကြသည်။

ကဗျာဆရာ ပန်းချီ ကိုစောဝေက တယောအဖွဲ့နှင့်တွဲဖက်ကာ “ပွေ့ဖက်ထား” ဟူသော ကဗျာအား ရွတ်ဖတ်ကာ အခမ်းအနားကို ကျင်းပခဲ့သည်။ ယင်း 3 Artist’s Show ပြပွဲတွင် အနုပညာရှင်များစွာ လာရောက်အားပေး ချီးမြှင့်ခဲ့သလို ဦးကျော်သူနှင့် မဆုံတွေ့ရသည်မှာ ကြာပြီဖြစ်သော စာရေးဆရာကြီး ပါရဂူ၊ ဒေါ်ခင်ဆွေဦး၊ ဦးမိုးသူနှင့် ပန်းချီဆရာ မြိတ်-ဝင်းထိန် တို့ကိုလည်း နွေးထွေးစွာဖြင့် တွေ့ဆုံခဲ့ရသည်။

ယင်း ပန်းချီပြပွဲ အခမ်းအနားဖွင့်ပွဲတွင် တက်ရောက်လာသော အနုပညာသည်များအား အဓိပတိ ထမင်းဆိုင်မှ ထမင်းဟင်းလျာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးမှုအရသာသည် အဓိပတိ ပန်းချီ ပြခန်းသို့ လာရောက်ကြသော အနုပညာသည် အချင်းချင်း နွေးထွေးစွာ ပွေ့ဖက်ထားသော အရသာ နှင့် ထပ်တူထပ်မျှ ခံစားခဲ့ရပါသည်။