>
မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ၊ အလှူဒါန သတင်းကြားကြားသမျှ
ပြည်သူ့ဂုဏ်ရည်ပြန်ကြားရေးနဲ့ မိုးမခ
သြဂုတ် ၁၊ ၂၀၁၀
လွန်ခဲ့သည် မြန်မာ့ပြည်နွေကာလ ရေရှားပါးဒဏ်ကို ပြည်သူအများခံစားကြရစဉ် ပြည်ပရောက် မြန်မာတို့က တတ်အားသမျှ ချွေးနည်းစာများမှ ပြည်တွင်းရှိ စေတနာဝန်ထမ်း လူမှုလုပ်ငန်း စွမ်းဆောင်သူများထံ လှူဒါန်းကူညီခဲ့ကြသည်။ ထိုအလှူဒါန ပြုကြသူငှာ သတင်းကြားသိသမျှကို မိမိတို့ မြန်မာအသိုင်းအ၀န်းကြား ၀မ်းမြောက်ဂုဏ်ယူနိုင်စေရန် မိမိတို့ ကြားသိသမျှကို တင်ဆက်လိုက်ပါသည်။ 
အမေရိကန်ပြည်နယ်များ၊ မြို့များ (ဆန်ဖရန်၊ ၀ါရှင်တန်မက်ထရို၊ နယူးယောက်၊ ဘော့စတွန်၊ ဖီးနစ်၊ တက္ကဆပ်၊ အာရီဇိုးနား) နှင့် ဗြိတိန်နိုင်ငံရောက် မြန်မာမိသားစုများ၊ တိုင်းရင်းသားများ၊ ရခိုင်အမျိုးသားများက ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်သူများကို ကူညီရန် ကိုယ်တိုင်ကိုယ်ကျ စေတနာဝန်ထမ်းဆောင်ရွက်နေသူ ဒေသခံ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသို့ အမေရိကန်ဒေါ်လာ ၄၇၈၀.၀၀ ( ဇူလိုင် ၂၈၊ ၂၀၁၀)
ဆန်ဖရန်စစ္စကို ဘေးဧရိယာမြန်မာမိသားစုများက ရန်ကုန်ရှိ နာရေးကူညီမှုအသင်းသို့ ရေဘေးကူညီမှုအတွက် ကျပ် ၁၃၅ သိန်း ၁ သောင်း (ဇွန် ၂၅၊ ၂၀၁၀)
          Burmese American Women Alliance 
          အမေရိကန်၊ တက္ကဆပ်ပြည်နယ်၊ Amarillo 
          အမေရိကန်၊ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့ရောက် ဆရာတော် ဦးပညာနန္ဒနဲ့ ဒကာ၊ ဒကာမ မြန်မာမိသားစုများက ရန်ကုန်ရှိ နာရေးကူညီမှုအသင်းသို့ ရေဘေးကူညီမှုအတွက် ကျပ် ကိုးသိန်း ငါးသောင်း (မေ ၂၉၊ ၂၀၁၀)
          အစရှိသည့် ကောင်းမှုဒါနများ ပြုလုပ်ခဲ့ကြပါသည်။ မိတ်ဆွေများ၏ ဆက်လက်သတင်းပို့သမှုများမှ တဆင့်လည်း အသိပေးတင်ဆက်နိုင်ရန် ကြိုးစားပါဦးမည်။ ပြည်သူ့ဂုဏ်ရည် ကိုကျော်သူ၏ စကားဖြင့် ပြောရလျင် – အများပြည်သူအကျိုး အများပြည်သူကောင်းမှု စစ်စစ် ဖြစ်ပါတော့သည်။