>
သံသာဝင်းက အနဂ္ဂ နှင့် လက်ထပ်ဦးမည် မဟုတ်
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဇူလိုင် ၂၅၊ ၂၀၁၀
အင်တာနက်စာမျက်နှာများတွင် တွေ့ရသည့် အဆိုတော် ၂ ဦး၏ ဓာတ်ပုံ
ဇူလိုင် ၂၅၊ ၂၀၁၀

အဆိုတော် သံသာဝင်းက ဂီတလုပ်ငန်းများ ဦးစားပေးနေသဖြင့် သူ့ချစ်သူ အနဂ္ဂ နှင့် လက်ထပ်မည့် အချိန်ကို မကြေညာနိုင်သေးကြောင်း ရန်ကုန်အခြေစိုက် သတင်းဌာနတခုကို ပြောလိုက်သည်။
အနဂ္ဂကြောင့် သူ “စိတ်ချမ်းသာရပါတယ်” သံသာဝင်းက ပြောဆိုကြောင်း ရက်စွဲ တပ်မထားသော ရန်ကုန်မီဒီယာ ဂရု ၏ အင်တာနက် စာမျက်နှာ http://yangonmedia.com/news/news_detail.asp?nid=2461 ရှိ အင်တာဗျူးတွင် ဖော်ပြထားသည်။
“သူနဲ့က အစစ အရာရာ အဆင်ပြေပါတယ်။ သွားလာတာက အစပေါ့နော်။ ကိုယ့်ဘေးနားမှာ အမြဲတမ်း ရှိနေတယ်” ဟု သံသာဝင်းက ဆိုသည်။
သံသာဝင်းသည် အဆိုတော် နွဲ့ယဉ်ဝင်း၏ သမီး ဖြစ်သည်။
အနဂ္ဂသည် တေးသံရှင် မင်းမင်းလတ်၊ နေနေလှိုင်းဇင် တို့၏သားဖြစ်သည်။ အသက် ၃၁ နှစ် ရှိပြီဟု သိရသည်။ မင်းသမီး ထက်ထက်မိုးဦးနှင့် ၂၀၀၈ ခုနှစ်တွင် ကွာရှင်းခဲ့သည်။