>Nan Nyunt Swe passes away

>

ဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ၀၀၂
ဇူလိုင် ၁၅၊ ၂ဝ၁ဝသားဖြစ်သူ ဇာဂနာ၏ ဓာတ်ပုံများနှင့် တွေ့ရသော နန်းညွန့်ဆွေ နှင့် ဒေါ်ကြည်ဦး


စာရေးဆရာကြီး နန်းညွန့်ဆွေ ယမန်နေ့ညနေက ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားသည်။ အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်ခြင်း ဖြစ်သည်။

ဆရာကြီး၏ ဇနီးဖြစ်သူ ဒေါ်ကြည်ဦးသည် ပြီးခဲ့သည့်နှစ် မတ်လက ကွယ်လွန်ခဲ့သည်။

ဆရာကြီး နန်းညွန့်ဆွေ (အမည်ရင်း ဦးအောင်သိန်း) သည် မြစ်ကြီးနားထောင်တွင် ထိန်းသိမ်းခံထားရသော လူရွှင်တော် ဇာဂနာ၏ ဖခင် ဖြစ်သည်။

ဆရာကြီးသည် သားဖြစ်သူနှင့် တွေ့ဆုံရန် မိုင်ပေါင်းများစွာ ဝေးကွာသော မြစ်ကြီးနားထောင်သို့ သွားရောက်ခြင်း မပြုနိုင်ခဲ့ပေ။ ဆရာကြီးသည် သားဖြစ်သူနှင့် တွေ့ဆုံရန် မိုင်ပေါင်းများစွာ ဝေးကွာသော မြစ်ကြီးနားထောင်သို့ သွားရောက်ခြင်း မပြုနိုင်ခဲ့ပေ။

ကွယ်လွန်ချိန်တွင် သား ၂ ဦး (ကိုတေဇ၊ ကိုသူရ ခေါ် ဇာဂနာ)၊ မြေး ၂ ဦး (မောင်မြတ်ကောင်း၊ မငယ်ဦးမွန်) တို့ ကျန်ရစ်သည်။

ယနေ့ နံနက် ၁၁ နာရီတွင် ရေဝေး သုဿန်သို့ ပို့ဆောင် မီးသဂြိုင်္ဟ်မည်ဟု ယနေ့ထုတ် သတင်းစာ နာရေး ကြော်ငြာအရ သိရသည်။