>
မိုးမခအထောက်တော် အမှတ် ၀၀၈
ဇူလိုင် ၉၊ ၂၀၁၀
ယမန်နှစ် နယူးယောက် သင်္ကြန် မြင်ကွင်းတခု (ဓာတ်ပုံများ – thingyan.org)
မြန်မာပြည်သား အများအပြား ရောက်ရှိနေသည့် နယူးယောက်မြို့တော်တွင် ယခုလအတွင်း သင်္ကြန်ပွဲတော် ကျင်းပရန် ပြင်ဆင်နေကြသည်။
လာမည့် ၁၈ ရက်နေ့ (တနင်္ဂနွေနေ့) တွင် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မည်ဟု ဆိုသည်။
ဧပြီလသည် အမေရိကန်တွင် ချမ်းအေးသည့် ကာလ ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်မှာကဲ့သို့ သင်္ကြန်ကို ဧပြီလတွင် ပြုလုပ်ခြင်း မရှိဘဲ ပူအိုက်သည့် ဇူလိုင်လရောက်မှ ကျင်းပကြခြင်း ဖြစ်သည်။
ကျင်းပမည့် နေရာမှာ PS9 – 100 West 84th Street – between Columbus Avenue and Amsterdam Avenue ဖြစ်သည်။
ယမန်နှစ်က ပြုလုပ်ခဲ့သည့် နယူးယောက်သင်္ကြန်ပွဲ မှတ်တမ်းဓာတ်ပုံများကို http://nycthingyan.myphotoalbum.com/view_album.php?set_albumName=album01 တွင် ကြည့်ရှုနိုင်သည်။
http://www.youtube.com/watch?v=rEtZyz8huzM တွင်လည်း ရုပ်သံကို ကြည့်ရှုနိုင်ရန် စီစဉ်ထားသည်။ ထိုရုပ်သံမှတ်တမ်းအရ နယူးယောက်သင်္ကြန်သို့ သွားရောက်သူ အများအပြား ရှိကြောင်း သိနိုင်သည်။







