>
အလှခတ် ခြင်းအသင်းပေါင်း ၁၅၀၀ ခန့် မန္တလေးခြင်းပွဲတော်တွင် အစွမ်းပြနေ
မိုးမခအထောက်တော် အမှတ် ၀၁၀
ဇူလိုင် ၄၊ ၂၀၁၀
အစွမ်းပြနေသော အမျိုးသမီး အမျိုးသားများ။ နယုန်လပြည့်ကျော် ၁၄ ရက်နေ့မှ ဒုတိယ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့အထိ ကစားကြမည်ဟု ဆိုသည် (ဓာတ်ပုံ – အလင်းတန်းဂျာနယ်)
ဇူလိုင် ၄၊ ၂၀၁၀
အစွမ်းပြနေသော အမျိုးသမီး အမျိုးသားများ။ နယုန်လပြည့်ကျော် ၁၄ ရက်နေ့မှ ဒုတိယ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့အထိ ကစားကြမည်ဟု ဆိုသည် (ဓာတ်ပုံ – အလင်းတန်းဂျာနယ်)မန္တလေးမြို့တွင် ပြုလုပ်နေသော ၀ါဆိုခြင်းအလှခတ်ပွဲတော်ကြီးကို ခြင်းအသင်းပေါင်း ၁၄၄၀ ပါဝင် ဆင်နွဲလျက်ရှိသည်ဟု ယနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။
အသင်း တသင်းလျှင် နာရီဝက်နှုန်းဖြင့် နေ့စဉ် အသင်း ၃၀ က အလှပြ ခတ်ကစားကြသည်ဟု ဆိုသည်။
မဟာမုနိဘုရားကြီး ၀ါဆိုခြင်းလုံးအားကစားရုံတွင် နှစ်စဉ် ပြုလုပ်သော ခြင်းအလှခတ်ပွဲတော်ကို ယခုနှစ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင် ၂၇ ရက်နေ့အထိ ပြုလုပ်မည်ဟု သိရသည်။

ရိုးရာခြင်းခတ်ခြင်းကို နိုင်ငံအနှံ့တွင် တွေ့ရသော်လည်း အသင်းအဖွဲ့ မည်မျှ ရှိသည်ကို မသိရပေ။ မြန်မာ့ရိုးရာခြင်းအလှခတ်ပညာရပ်တွင် မဟာဒူး၊ မဟာနွယ်၊ ခြေဖျား၊ စလွယ်၊ ၀ိုက်ကြီး၊ နှစ်ထပ်ခြေခွင်၊ နှစ်ထပ်ခြေဖျား၊ နှစ်ထပ်ဒူး၊ ညွန့်ဒူး၊ မြင်းစီး၊ ရင်လိမ်ဖ၀ါး၊ မန္တလာ၊ တည့်ဖ၀ါး၊ တည့်ဖနောင့် စသော ခြင်းပေါက်စုံတို့ ပါဝင်သည်။

ရိုးရာခြင်းခတ်ခြင်းကို နိုင်ငံအနှံ့တွင် တွေ့ရသော်လည်း အသင်းအဖွဲ့ မည်မျှ ရှိသည်ကို မသိရပေ။ မြန်မာ့ရိုးရာခြင်းအလှခတ်ပညာရပ်တွင် မဟာဒူး၊ မဟာနွယ်၊ ခြေဖျား၊ စလွယ်၊ ၀ိုက်ကြီး၊ နှစ်ထပ်ခြေခွင်၊ နှစ်ထပ်ခြေဖျား၊ နှစ်ထပ်ဒူး၊ ညွန့်ဒူး၊ မြင်းစီး၊ ရင်လိမ်ဖ၀ါး၊ မန္တလာ၊ တည့်ဖ၀ါး၊ တည့်ဖနောင့် စသော ခြင်းပေါက်စုံတို့ ပါဝင်သည်။
ကနေဒါမှ မစ္စတာ ဂရက် ဟမစ်တန်က Mystic Ball ဟု အမည်ပေးထားသော မြန်မာ့ခြင်းခတ်ပညာ မှတ်တမ်းရုပ်ရှင်ကားတခုကို ရိုက်ကူးခဲ့ဖူးသည်။
ထိုရုပ်ရှင်ကား အင်တာနက် စာမျက်နှာ http://www.mysticball-themovie.com/trailerclips.html တွင် မြန်မာပြည်မှ အမျိုးသမီး အမျိုးသားတို့၏ အံ့မခန်း ခြင်းခတ်ပညာကို နမူနာ ကြည့်ရှုနိုင်သည်။
ဝါဆိုခြင်းအလှခတ်ပွဲတော် ရုပ်သံမြင်ကွင်းကိုလည်း ထိုစာမျက်နှာတွင် တွေ့နိုင်သည်။
ထိုရုပ်ရှင်ကို ရိုက်ကူးသူ မစ္စတာ ဂရက် နှင့် ခြင်းချစ်သူ နိုင်ငံခြားသား ၀ါသနာရှင် တချို့လည်း မန္တလေးတွင် ပြုလုပ်သည့် ခြင်းခတ်ပွဲတော်တွင် ပါဝင်လေ့ရှိသည်ဟု ဆိုသည်။
မြန်မာ့ခြင်းအကြောင်းကို မြန်မာဝီကီ စာမျက်နှာတွင်လည်း အကျဉ်းချုံး ဖော်ပြထားသည်ကို တွေ့ရသည်။
