>a burmese man found dead in Rawang, Malaysia

>

မလေးရှားရောက် စားသောက်ဆိုင် အလုပ်သမား မြန်မာတဦး သေဆုံး
mmail.com.my
ဇူလိုင် ၂၊ ၂၀၁၀သေဆုံးသူ မြန်မာပြည်သား နေထိုင်သည့် Rawang မြို့သည် ကွာလာလမ်ပူမြို့တော်နှင့် ၃၅ ကီလိုမီတာခန့် ကွာဝေးကြောင်း မြေပုံတွင် တွေ့ရသည်။


မြန်မာပြည်သား စားသောက်ဆိုင် အလုပ်သမား တဦး၏ အလောင်းကို သူနေထိုင်ရာ မလေးရှားနိုင်ငံ Rawang မြို့ Taman Seri Hijau အရပ်ရှိ အိမ်တွင် သောကြာနေ့ညက တွေ့ရှိရသည်။

Rawang မြို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်၏အဆိုအရ ထိုမြန်မာပြည်သားသည် သူ အလုပ်လုပ်ကိုင်သည့် စားသောက်ဆိုင်အနီးတွင် တဦးတည်း နေထိုင်သည်ဟု ယူဆရကြောင်း၊ အိမ်ရှင်၏ မိတ်ဆွေက အိမ်လခ သွားရောက် ကောက်ခံစဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“တံခါးကို အကြိမ်ကြိမ် ခေါက်ပေမယ့် ဘယ်သူမှ လာမဖွင့်ဘူး။ ဒါနဲ့ သံသယ ဖြစ်လာလို့ အထဲကို ချောင်းကြည့်တော့ ဧည့်ခန်းထဲမှာ သူ့ကို တွေ့ရတာပဲ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ရုတ်တရက် သေဆုံးမှုအဖြစ် မှတ်တမ်းတင်ထားသည်။

“ခုချိန်အထိတော့ လူသတ်မှု ဖြစ်တယ်လို့ မသတ်မှတ်နိုင်သေးဘူး။ ဘာကြောင့် သေဆုံးရတယ်ဆိုတာ မသိသေးဘူး။ ဒါပေမယ့် သေသွားတာ ၁၀ နာရီထက် မနည်းဘူးလို့ ယူဆပါတယ်” ဟု သူက ပြောသည်။

သေဆုံးသူနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးဟု ဆိုသည်။

ရုပ်အလောင်းကို စစ်ဆေးရန် Sungai Buloh ဆေးရုံသို့ ပို့ထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts