>auto show in Rgn

>

တပ်မတော်ခန်းမက ကားပြပွဲ
ဝင်းမြတ်၊ ရန်ကုန်
ဇွန် ၂၆၊ ၂၀၁၀


ယခုနောက်ပိုင်း မြန်မာမော်ဒယ်များ၏ ၀တ်စားဆင်ယင်မှုမှာ နိုင်ငံတကာကို အမှီ လိုက်နေသည့် သဖွယ် မြင်တွေ့ရသည် (ဓာတ်ပုံများ – မိုးမခ)


ရန်ကုန်မြို့ ဦးဝိစာရလမ်း တပ်မတော် ခန်းမတွင် ယနေ့ စတင်ဖွင့်လှစ်သည့် မော်တော်ယာဉ်၊ မော်တော်ယာဉ်သုံး ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းပြပွဲတွင် တရုတ်နိုင်ငံဖြစ် ကားများ၊ မော်တော်ယာဉ် အပိုပစ္စည်းများနှင့် အခြား အိမ်သုံး ပစ္စည်းများကို ပြသရောင်းချခဲ့ကြသည်။

တရုတ်နိုင်ငံဖြစ် ကုန်တင်ယာဉ်ငယ်များ၊ ၉ ယောက်စီး၊ ၁၂ ယောက်စီး ဝေဂွန်ကားများ အဓိက ပြသခဲ့ပြီး ရန်ကုန်ပရိသတ်ကလည်း စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံထုတ် ကားများအား ပိုမို စိတ်ဝင်စားကြသော်လည်း တင်သွင်းခွင့် ပါမစ် ခက်ခဲခြင်း၊ ဈေးနှုန်း ကြီးမြင့်ခြင်း တို့ကြောင့် လူလတ်တန်းစား အလွှာများပင် မော်တော်ကား ၀ယ်စီးဖို့ရာ မလွယ်ကူပေ။

လွန်ခဲ့သည့် အနှစ်၂၀ ကျော်က ထုတ်လုပ်ခဲ့သည့် ဂျပန်လုပ် မော်တော်ကား တစ်စီးကို ကျပ် သိန်း ၁၀၀ ကျော်မှ ၂၀၀ ကျော်ပေးပြီး ၀ယ်ယူနေကြရသည့် အတွက် ယခုလို ကားအသစ်ကို ကျပ်သိန်း ၂၅၀ ကျော် ဆိုသည့် အတွက် စိတ်ဝင်စား ကြခြင်းဖြစ်သည်။ သို့သော် တရုတ်နိုင်ငံဖြစ် ပစ္စည်း အများစုဖြင့် ဆင်ထားသည့် ကားဖြစ်သောကြောင့် တချို့ကလည်း နှစ်သက်မှု မရှိကြကြောင်း တွေ့ရသည်။


တပ်မတော်ခန်းမ (အင်ဗွိုင်း ခန်းမ) တွင် ယနေ့ စတင် ဖွင့်လှစ်သည့် မော်တော်ကား နှင့် အိမ်သုံးပစ္စည်း ပြပွဲ

မြန်မာ မော်ဒယ်တစ်ဦးကို တရုတ်နိုင်ငံဖြစ်ကားများနှင့် တွေ့ရစဉ်၊ ယခုနှစ်များ အတွင်း စီးပွားရေး ကုန်စည်ပြပွဲများတွင် လူစိတ်ဝင်စားမှု များပြားစေရန် မော်ဒယ်အင်အား ပိုမို သုံးလာကြသည်။

တရုတ်ပြည်ဖြစ်ကားများအား စိတ်ဝင်တစား ကြည့်နေသည့် မြန်မာကား ၀ယ်ရောင်းများ၊ ပွဲစားများနှင့် သုံးစွဲသူများ

ကျပ်သိန်း ၁၈၀ တန် တရုတ်ဖြစ် ကုန်တင်ယာဉ်ငယ် တစီးနှင့်အတူ တွေ့ရသည့် မြန်မာမော်ဒယ် တဦး။

တရုတ်ဖြစ် မိသားစုသုံး ဝေဂွန်ကား တစ်စီးကို ကြည့်ရှုနေသူများ။ အဆိုပါကားမှာ ကျပ် ၂၅၈ သိန်း ဟု တန်ဖိုး ဖေါ်ပြထားသည်။

ပရိသတ်က တရုတ်ဖြစ် ကားများရော မြန်မာမိုဒယ်များကိုပါ စိတ်ဝင်စားကြသည်။