Portraits

Cho Seint – Ohn

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

အုန်း (သို့ ) ကျွန်းပြန်ထောင်ထွက်ကြီး
ချိုစိမ့်၊ ဇွန် ၁၄၊ ၂၀၁၃
ကျနော်ငယ်စဉ်က အုန်း၊ အမောင် (တောင်ငူ) အစရှိသူများနှင့် တအိမ်တည်းနေခဲ့ရဘူးသည်။ ကိုကြည်တင်ဦး ကွယ်လွန်၊ ကိုညွန့်သစ် တို့ နှင့် သူတို့ အိပ်သည့်အခန်းလေးက အမြဲစည်ကားလျှက်ရှိသည်။ ကျနော်က နေ့ စဉ် သူတို့ အခန်းကိုသွားသည်။ ကျနော်မြင်တွေ့ ရသည်မှာ သူတို့ နှင့်မျက်နှာစိမ်းများ … အံတီမေမေလှိုင်နှင့် အဘ မြန်မာ့အသံ ဦးကျော်မင်းလည်း ရှိတတ်သည်။ သူတို့ ပြောဆို ဆွေးနွေးသောစကားများကို သိပ်နားမလည်သော်လည်း ကျနော်က ဆိုလိုရင်းအဓိပ္ပါယ် ကိုသိနေသည်။
ကျနော်အရွယ်မရောက်ခင်ကာလအတွင်း သူတို့ အုပ်စုပြိုကွဲသွားသည်။ မချစ်ကြလို့ တော့မဟုတ် တိုင်းပြည်ကိုချစ်ကြလွန်း၍သာ နောက်မှသိရသည်မှာ အုန်းက မန္တလေးမှာပြန်အခြေချသည်။ သူ့ ဇနီးကလည်း ကဗျာရေးသည်၊ သူ့ သားလေးကလည်း ကဗျာရေးသည်။ အုန်းက ကဗျာတင်မက ပန်းချီပါဆွဲသည်။ နှစ်တချို့  အတွင်း ကျနော်တို့ အဆက်အသွယ်ပြတ်တောက်သွားသည်။ သို့ သော် အဖွါးက၊ အဖေ နဲ့ အမက တခါတရံ ထမင်းစားရင်းပြောလေ့ရှိသည်၊ “ဒီဟင်းမျိုးလေးတွေက အုန်းနဲ့ မေမေလှိုင်တို့ ကြိုက်တတ်တဲ့ဟင်းတွေပေါ့ …’
။ တခါတရံ ဦးမောင် ရန်ကုန်လာသည့်အခါ ကိုညွန့် သစ်ဖြစ်စေ ကိုကြည်တင်ဦးဖြစ်စေ အိမ်ကိုလိုက်ပို့ တတ်သည်။ အုန်းက ယမကာ ကြိုက်တတ်သည်။ အိမ်ကိုရောက်လာလျှင် အနံ့ တသင်းသင်းနှင့်။
ထောင့်သုံးရာငါးဆယ် ပြည်သူ့ လွတ်မြောက်ရေး အရေးတော်ပုံကြီးတွင် အုန်း ၀င်ပါနေပြီ ဟု ၀မ်းမြောက်စရာ စကားကြားရသည်။ အမောင် တောင်ငုကလည်း ထို့ အတူ။ ကျနော်က လည်း နှစ်ခါပြန် သုံးခါပြန် ဖြစ်နေပြီ။ သူတို့ က ကျနော့်ကို မကြာခန သတိပေးလေ့ရှိသည်၊ လူကြုံဖြင့်။ နောက် မကြာပါချေ အုန်း အထဲဝင်သွားပြန်ပြီ၊ ကျနော် ကလည်း ယုံကြည်မှုနှင့် ဘ၀က လုံးလား ထွေးလား။
အုန်းပြန်ထွက်လာပြီး သူဖွင့်ထားခဲ့တဲ့ ရွှေတြိဂံ လ္ဘက်ရည်ဆိုင်ကလေးကို ဆရာမ အိဒြေ္ဒလှိုင်တို့ ကို ပေးခဲ့သည်။ ရန်ကုန်ဆင်းလာပြီး ပန်းချီအလုပ်၊ ကဗျာအလုပ်ကို ပိုကြိုးစားသည်။ ကျနော်က ဘားလမ်း ၆၀ မှာ။ အမောင်(တောင်ငူ) ကိုညွန့် သစ်၊ ကိုအောင်နီ၊ မင်းဟန် (ဆေး) တို့ နှင့်အတူ မကြာခဏဆုံဖြစ်ကြသည်။ အုန်းပန်းချီကားလေးတချပ် စမ်းချောင်းအိမ်တွင် ကျန်ရစ်ခဲ့သည်။
အုန်းသည် တော်လှန်သူဖြစ်သည်။ တော်လှန်ရေးလမ်းကြောင်းမှ ခွဲထွက်သွားသူများကို သူလုံးဝမကြိုက်၊ သူကိုယ်တိုင်လည်း တော်လှန်ရေးနှင့်အမြဲမကင်းမကွာနေသည်။ သူကား……..။
တော်လှန်သောကဗျာဆရာဖြစ်သည်။  တော်လှန်သော ပန်းချီဆရာဖြစ်သည်။ တော်လှန်ရေးဘက်တွင် အမြဲရပ်ခံ ခဲ့သူဖြစ်သည်။ ဘမျိုးဘိုးတူဟု ဆိုရလောက်အောင် ယော်အတွင်းဝန် ဦးဘိုးလှိုင်၏ မြေးဖြစ်သည်။ သူ့ ဇနီး သူ့ သားတို့ သည်လည်း တော်လှန်ရေးကို ချစ်သောသူများဖြစ်ကြသည်။
အုန်းကကြွေလေပြီ …
အုန်းကရှိဆဲ
အုန်း သက်တော်ရာကျော်ရှည်ပါစေ။
ချိုစိမ့်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts