>
ဘလော်ဂါနိုင်းနိုင်းစနေ၏ စာအုပ် မြန်မာပြည်တွင် ထုတ်ပြီ
ဓာတ်ပုံသတင်း
မေ ၁၈၊ ၂၀၁၀
တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် တွေ့ရသော ဘလော်ဂါ နိုင်းနိုင်းစနေ
SYNERGY Publication စာအုပ်တိုက်က ထုတ်ဝေသည့် သူ၏ စာအုပ်ကို မေလအတွင်း ကျရောက်သည့် အမေများနေ့အမှတ်တရအဖြစ် ရန်ကုန်တွင် လက်မှတ်ရေးထိုး ရောင်းချ မိတ်ဆက်ခဲ့သည်။ စာအုပ် အမည်မှာ အမေ့လက်ရေးစာစုများ ဖြစ်သည်။ သူ၏ ဘလော့တွင်လည်း စာအုပ် မိတ်ဆက်ပွဲအကြောင်းကို ရေးသားထားသည်။ “စာနယ်ဇင်းတွေ၊ ဘလော့ဖတ်ပရိသတ်တွေ၊ တကူးတက လာအားပေးသူတွေ၊ နောက် လမ်းကြုံလို့ ၀င်အားပေးသူတွေကို ကျေးဇူးတင်ပါတယ်” ဟု နိုင်းနိုင်းစနေက ဆိုသည်။