>
အမျိုးသမီး သီးသန့် ရထားတွဲ မလေးရှားနိုင်ငံတွင် အကောင်အထည်ဖော်
ဓာတ်ပုံသတင်း
မေ ၇၊ ၂၀၁၀
ယမန်နေ့က ကွာလာလမ်ပူမြို့တွင် တွေ့ရသည့် အမျိုးသမီးများအတွက် ရထားတွဲ အတွင်းဘက် မြင်ကွင်း။ အစိုးရ ရထားပို့ဆောင်ရေး ဌာနက အမျိုးသမီးများ သီးသန့် စီးနင်းလိုက်ပါနိုင်မည့် ရထားတွဲ အစီအစဉ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမည်ကို တားဆီးရန် ရည်ရွယ်သည်ဟု ဆိုသည်။
အမျိုးသမီးအဖွဲ့များက ဤအစီအစဉ်ကို ကြိုဆိုလိုက်သည်။ သို့သော်လည်း အကဲခတ်များကမူ ဤအစီအစဉ်ကြောင့် ကျားမ တန်းတူ ညီမျှမှု ရရှိရေးတွင် ခြေတလှမ်း နောက်ဆုတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ (ဓာတ်ပုံများ-Reuters)

ဓာတ်ပုံသတင်း
မေ ၇၊ ၂၀၁၀
ယမန်နေ့က ကွာလာလမ်ပူမြို့တွင် တွေ့ရသည့် အမျိုးသမီးများအတွက် ရထားတွဲ အတွင်းဘက် မြင်ကွင်း။ အစိုးရ ရထားပို့ဆောင်ရေး ဌာနက အမျိုးသမီးများ သီးသန့် စီးနင်းလိုက်ပါနိုင်မည့် ရထားတွဲ အစီအစဉ်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမည်ကို တားဆီးရန် ရည်ရွယ်သည်ဟု ဆိုသည်။အမျိုးသမီးအဖွဲ့များက ဤအစီအစဉ်ကို ကြိုဆိုလိုက်သည်။ သို့သော်လည်း အကဲခတ်များကမူ ဤအစီအစဉ်ကြောင့် ကျားမ တန်းတူ ညီမျှမှု ရရှိရေးတွင် ခြေတလှမ်း နောက်ဆုတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ (ဓာတ်ပုံများ-Reuters)
