>Moe Sel Nay – Departed Poem

>

ရှင်ကွဲ
မိုးစဲနေ
မေ ၅၊ ၂၀၁၀
 တောင်တန်းကြီးရဲ့ကျောပေါ်မှာ
တင်ထားတဲ့ ရထားသံလမ်းလေးဟာ
ဂီတာကြိုးဆိုရင်
ရထားဥသြသံလေးက ဂီတာသံပေါ့မေမေ။
 စက္ကူစွန်တွေ တိမ်စားတဲ့ကစားပွဲမှာ
သားမပါခဲ့ဘူး။
(သားကိုသား လွှတ်တင်ဖို့ ကြိုးတချောင်းမရှိခဲ့တာလဲ ပါမှာပေါ့)
 အဲ့ဒီည
 အိမ်ခြေယာမဲ့တယောက်ရဲ့ ညမှာမှ
လှိုင်းတွေက အပြုံးနုနုလေးနဲ့
သားကို လာလာစီးတယ်
သားကတော့ ပင်လယ်ကိုမေမေ့ရင်ခွင်လို
တိုးဝှေ့ခဲ့ပေါ့။