>NLD Youth marked 65th Anniversary of Burma Revolution Day

>

၆၅ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် လူငယ်များ စာဖတ်ဝိုင်းကျင်းပ
မိုးမခ ဓာတ်ပုံသတင်း
မတ် ၂၇၊ ၂၀၁၀
လွန်ခဲ့သည် ၂၅ မတ်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အင်န်အယ်ဒီပါတီ ရုံးချုပ်တွင် လူငယ်အဖွဲ့ဝင်များက ၆၅ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် လူငယ်များ စာဖတ်ဝိုင်း အစီအစဉ်ကို ကျင်းပရာတွင် အဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဦး တက်ရောက်သည်ကို တွေ့ရသည်။ လူငယ်အဖွဲ့ဝင်များက ၎င်းတို့လူငယ်အဖွဲ့၏ တာဝန်ခံအဖြစ် ယခင်က ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်ခဲ့ရာ ယခု ဒေါ်စု အကျယ်ချုပ်ဖမ်းဆီးခြင်းခံရချိန်တွင် ဦးတင်ဦးအား လူငယ်တာဝန်ခံအဖြစ် ဦးဆောင်မှုပေးပါရန် ပန်ကြားထားသည်။

ဦးတင်ဦးသည် မြန်မာပြည် ဂျပန်လက်အောက် ကျရောက်စဉ်က ဖက်ဆစ်တော်လှန်ရေးတွင် တတိယပတ် ဗိုလ်သင်တန်းဆင်း ဗမာ့တပ်မတော်သားတဦးအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထိုအချိန်က ၎င်းအသက်မှာ ၁၈နှစ် သာ ရှိသေးသည်။ တပ်မတော်မှ ကာကွယ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယခု အင်န်အယ်ဒီပါတီ၏ ဦးဆောင်သူ ခေါင်းဆောင်အဖြစ် ရပ်တည်လျက်ရှိသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts