>Maung Swan Yi on 2010 Election & NLD

>

သက်ကြီးစာပေပညာရှင် မောင်စွမ်းရည်၏ အမြင်

၂၀၁၀ ရွေးကောက်ပွဲနဲ့ အင်န်အယ်ဒီ
မိုးမခ
မတ် ၂၄၊ ၂၀၁၀
ကျနော်ရဲ့ အမြင်ကတော့ တိုင်းပြည်ရှေ့ရေးမှာ ပြည်သူက အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးပါတယ်။
ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အကျယ်ချုပ်ခံထားရတယ်။ ပြင်ပမှာ အားကိုးစရာ ခေါင်းဆောင်တွေကတော့ ဒေါ်စုနဲ့အတူ တလျောက်လုံး လက်တွဲပြီး သေတွင်းသေ၀ထဲအထိ ရင်ဆိုင် ဖြတ်သန်းခဲ့တဲ့ ပါတီခေါင်းဆောင် ဦးတင်ဦး၊ အကျဉ်းထောင်ထဲမှာ အနှစ် ၂၀ နီးပါး ချုပ်နှောင်ခံထားတဲ့ကြားက ရဲရဲတောက် ရပ်တည် ကျော်ဖြတ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီး၊ ဦးဝင်းတင်နဲ့  တစိတ်တည်း တ၀မ်းတည်းရှိနေကြတဲ့ အင်န်အယ်ဒီခေါင်းဆောင်တွေ၊ ပါတီဝင်တွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေက ညီညီညွတ်ညွတ်၊ မကွဲပြားဘဲနဲ့ ဦးဆောင်မှုတွေနဲ့ ထိုးဖောက်လာမယ်လို့ မျှော်လင့်ပါတယ်။
အမျိုးသားရေးနဲ့ ပြည်သူလူထုရဲ့ အကျိုးကိုသာ မျက်နှာမူပြီးတော့ တက်ကြွညီညွတ်စွာနဲ့ အကောင်အထည်ဖော်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ရွေးကောက်ပွဲကသာ ထွက်ပေါက်ဖြစ်တယ် ဆိုရင် – ၂၀၁၀ ရွေးကောက်ပွဲရဲ့ မတိုင်မီ၊ ရှေ့က လူထုဆန္ဒနဲ့ အညီ ပေါ်ထွန်းခဲ့ပြီး ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲဆိုတာ ရှိနှင့်ပြီးသား ဖြစ်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts