>Burmese Monastery in Oakland to host opening ceremony for new residence sayadaw

>

ဘေးဧရိယာ၊ ဥက္ကလံမြို့ ဓမ္မအေးရိပ်ဘုန်းကြီးကျောင်း ဖွင့်ပွဲ ဖိတ်ကြားလိုက်ပါသည်
မိုးမခရွာဆော်ကြီး
မတ် ၁၃၊ ၂၀၁၀
ကယ်လီဖိုးနီးယား၊ ဘေးဧရိယာ၊ ဥက္ကလံမြို့မှာ မြန်မာပြည်အနယ်နယ် အရပ်ရပ်က ပြောင်းရွှေ့ခိုလှုံလာသူ တိုင်းရင်းသား၊ မြန်မာမိသားစုများ စုဝေးရာ မြို့ကြီးတခု ဖြစ်ပါတယ်။ အခြားဘေးဧရိယာက မြို့များကဲ့သို့ မြို့ခံဘုန်းတော်ကြီးကျောင်းတခုအဖြစ် ဓမ္မအေးရိပ်ကျောင်း တည်ရှိခဲ့သည်မှာ နှစ်အနည်းငယ် ရှိခဲ့ပြီး ယခု ပြောင်းရွှေ့လာမည့် ကျောင်းထိုင်ဆရာတော်သို့ ကျောင်းအပ်ပွဲကို မြို့ခံတို့ ၀ိုင်းဝန်းဆောင်ရွက်ကြမည် ဖြစ်၍ မြန်မာမိတ်ဆွေများအားလုံးသို့ ဖိတ်ကြားလိုက်ပါတယ်။ ဖိတ်စာက အောက်ပါအတိုင်းဖြစ်ပါတယ်။
ဓမ္မအေးရိပ် ၀ိဟာရ
2523, 23 Rd Ave, Oakland, CA 94606-3525 U.S.A
Tel (510) 533-5962 (650)868-6960 Email-acaraung@gmail.com
ကျောင်းအပ် လှူဒါန်း ပူဇော်ပွဲ  ဖိတ်ကြားလွာ
ဓမ္မမိတ်ဆွေများခင်ဗျား
ကျောင်းလှူဒါန်းသောသူများသည် အလှူအားလုံးကို လှူရာ ရောက်သည်  ဟု ဘုရားရှင်ဟောကြားထားသည့်အတွက်
ကျွန်တော်များ ဘေးဧရိယာ ဥက္ကလံမြို့ တွင် နေထိုင်ကြသော မြန်မာ မိသားစုများ နှင့် ဗုဒ္မဘာသာဝင်မိသားစုများဘာသာရေး  သာသနာရေး နှင့် ယဉ်ကျေးမှု များ ဆောင်ရွက်နိုင်ရန် နှင့်  ဒါန သီလ ဘာဝနာ စသော ကုသိုလ်ကောင်းမှု့  များ ပြုလုပ်နိုင်ရန် အတွက် ရည်ရွယ်ပြီး တည်ထောင်ထားသော အော့က်လန် မြန်မာ ဗုဒ္မဘာသာ ကျောင်းကို အရှည်တည်တန့် ပြီး  ဆက်လက် တိုးတက်ပါစေရန်အတွက်  ဆရာတော် ဦးအာစာရ (ဓမ္မာစရိယ. M.A. Buddhism) အရှင်မြတ်အား ကျောင်းအပ်လှူဒါန်း ပူဇော်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် အတူတကွ ကြွရောက်အားပေးကြပြီး ကုသိုလ် ကောင်းမှု အစုစု   တို့ ကို သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန် ခင်မင် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အလှူရှင် ကိုစိုးနိုင် မခင်သက်ဦး မိသားစု (Novato, CA) မှ ကြွရောက်လာကြသော ဧည့်ပရိသတ်များအား မြန်မာမုန့်ဟင်းခါး၊ ရွှေခြည်၊ ကျောက်ကျော၊ အချိုပွဲ၊  ဖျော်ရည် မျိုးစုံတို့ဖြင့် ကျွေးမွေးဧည့်ခံပါမည်။
နေ့ ရက်။ (03/14/2010)  မတ်လ ၁၄ ရက် ၂၀၁၀ ခု တနင်္ဂနွေနေ့ 
နံနက် ၁၀ နာရီ မှ နေ့ လည် ၁ နာရီ ထိ
နေရာ။ ဓမ္မအေးရိပ် ၀ိဟာရ  2523, 23rd Ave, Oakland, CA 94606 ။
Ph (510) 533-5962
အလှူရှင်။ ကိုစိုးနိုင် မခင်သက်ဦး  မိသားစု (Novato, CA) နှင့် Oakland မြို့ ဒါယကာ၊ ဒါယကာမ များ၊ California ပြည်နယ်