>Proud to be a Burmese and be counted in US Census 2010

>

အမေရိကန်ပြည်မှာ မြန်မာ (Burmese) တို့ စာရင်းပေါက်စေဖို့ သန်းခေါင်စာရင်းကို ဖြည့်ကြစို့
မိုးမခ မေတ္တာစာ
မတ် ၅၊ ၂၀၁၀
အမေရိကန်ပြည်ထောင်စုမှာ ၁၀ နှစ် တကြိမ် လူဦးရေစာရင်း ကောက်သည်။ မြန်မာလိုဆိုရင် သန်းခေါင်စာရင်းဖြစ်သည်။ သန်းခေါင်စာရင်းက လူဦးရေနှင့် ပထ၀ီဒေသအလိုက် ပြန့်နှံနေပုံကို စာရင်းပြုပြီး တိုင်းပြည်၏ အစိုးရစီမံကိန်းများ၊ အကူအညီများ၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးကိစ္စများကို စီမံပြင်ဆင် ဆုံးဖြတ်ခြင်း ဖြစ်သည်။
ယခု ၂၀၁၀ သန်းခေါင်စာရင်းတွင် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားအားလုံးက ၀ိုင်းဝန်းစာရင်းသွင်းခြင်းကို တညီတညွတ် လုပ်ကြလျင် မြန်မာပြည်က ပြောင်းရွှေ့နေထိုင်သော မြန်မာပြည်သားများစာရင်းကို အစိုးရက အရေအတွက်၊ ပထ၀ီဒေသအလိုက် သိရှိပြီး အခြား တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဟာဝိုင်အီ၊ ကိုရီးယား၊ ဂွာမာနိယန်၊ ဖိလိပိုင်၊ ဗီယက်နမ်၊ စသည့် အာရှသားများကဲ့သို့ ခံစားခွင့်၊ လုပ်ပိုင်ခွင့်၊ အရည်အတွက်သတ်မှတ်ပေးခြင်း ခံစားရနေသလိုမျိုး မြန်မာ (Burmese) တို့အတွက်ပါ စာရင်းပေါက်မည် ဖြစ်သည်။ အရည်အတွက် မပြောပလောက်လျင် လွန်ခဲ့သည့် ၁၀ နှစ် ကကဲ့သို့ မြန်မာတို့အတွက် လူမျိုးနေရာတွင် – Other Asian (အခြားအာရှသား) အဖြစ်ကနေ တက်လာတော့မည် မဟုတ်ပေ။
ယခုမတ်လ ၁၀ ရက်မှ ၁၅ ရက်အတွင်းတွင် စာတိုက်မှတဆင့် သန်းခေါင်စာရင်းဖြည့်ရန် ဖောင် ကို အမေရိကန်အစိုးရက အိမ်လိပ်စာများအားလုံးထံ ပေးပို့မည် ဖြစ်သည်။ စာရင်းပြုစုခြင်း သက်သက်ဖြစ်သဖြင့် ကျနော်တို့၏ ကိုယ်ရေးကိုယ်တာများ၊ တရားဝင် နေထိုင်မှုများကို စပ်စုမေးမြန်းခြင်းလည်း လုပ်မည် မဟုတ်ချေ။ မေးခွန်း ၁၀ ခု သာ ပါမည်ဖြစ်ပြီး သည်နေရာက http://2010.census.gov/2010census/pdf/LAG_Burmese.pdf အစိုးရ၏ လမ်းညွှန်ကို ရယူပြီး ဖတ်ရှုပြင်ဆင်ထားနိုင်သည်။ သည်နေရာမှာ အမေရိကန်အစိုးရ၏ မြန်မာဘာသာနှင့် ရှင်းလင်းချက်ကို ကြည့်နိုင်သည်။ http://2010.census.gov/2010census/language/burmese.php
အမေရိကန်ပြည်ထောင်စုတွင် အကြောင်းအမျိုးဖြင့် ရောက်ရှိနေထိုင်ကြသူ မြန်မာပြည်သား အားလုံးတို့အနေနှင့် တစုတစည်းတည်းသော လူမျိုးတခုအဖြစ် ပထမဦးဆုံးအကြိမ်အဖြစ် သန်းခေါင်စာရင်းမှာ အောင်မြင်စွာ စာရင်းပေါက်စေဖို့ မေးခွန်း နံပါတ် (၉) တွင် Burmese လို့ ဖြည့်စွက်ကြပါစို့ ဟု တိုက်တွန်းလိုက်ပါသည်။
ဗိုလိုဆိုရင်တော့ – Proud to be a BURMESE and be counted in the US census 2010 ပေါ့ခင်ဗျား။     ။