>
ချီလီတွင် ငလျင်ကြီး လှုပ်ခတ်၊
ဆူနာမီရေလှိုင်းများ အာရှနိုင်ငံများသို့ ရိုက်ခတ်မည်ကို စိုးရိမ်ရ
မိုးမခအထောက်တော် အမှတ် ၀၀၆
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၀
ဝါရှင်တန် အခြေစိုက် အမျိုးသား သမုဒ္ဒရာနှင့် လေထုအဖွဲ့ National Oceanic and Atmospheric Administration (NOAA) က ထုတ်ပြန်ထားသော ပုံတွင် ချီလီနိုင်ငံ ငလျင်ကြောင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ရွေ့လျားနိုင်ပုံကို အချိန်နှင့်တကွ ခန့်မှန်း ဖော်ပြထားသည်။ (ဓာတ်ပုံများ – Reuters သတင်းဌာန)
ဆူနာမီရေလှိုင်းများ အာရှနိုင်ငံများသို့ ရိုက်ခတ်မည်ကို စိုးရိမ်ရ
မိုးမခအထောက်တော် အမှတ် ၀၀၆
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၀
ဝါရှင်တန် အခြေစိုက် အမျိုးသား သမုဒ္ဒရာနှင့် လေထုအဖွဲ့ National Oceanic and Atmospheric Administration (NOAA) က ထုတ်ပြန်ထားသော ပုံတွင် ချီလီနိုင်ငံ ငလျင်ကြောင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ရွေ့လျားနိုင်ပုံကို အချိန်နှင့်တကွ ခန့်မှန်း ဖော်ပြထားသည်။ (ဓာတ်ပုံများ – Reuters သတင်းဌာန)ချီလီနိုင်ငံ အလယ်ပိုင်းတွင် မဂ္ဂနီကျု ၈.၈ အင်အားရှိသည့် ငလျင်ကြီး ယနေ့ လှုပ်ခတ်သွားရာ အပျက်အစီး အလွန်များပြားပြီး သေဆုံးသူ ၁၂၂ ဦး ရှိသည်ဟု Reuters သတင်းတပုဒ်တွင် ဖော်ပြထားသည်။
ထိုသတင်းမှာ မြန်မာစံတော်ချိန် စနေနေ့ည ၁၁း၃၀ နာရီတွင် ထွက်ပေါ်လာသည့် သတင်း ဖြစ်သည်။
သေဆုံးသူ အရေအတွက်မှာ နောက်ပိုင်းတွင် ပိုမို များပြားလာဖွယ်ရှိသည်ဟု ချီလီ သမ္မတက ပြောကြောင်း Reuters သတင်းတပုဒ်တွင် ရေးထားသည်။
အဆောက်အအုံများ၊ လမ်းတံတားများ ပျက်စီးခြင်း၊ တယ်လီဖုန်း ဆက်သွယ်ရေးပြတ်တောက်ခြင်း တို့ ဖြစ်ပေါ်ခဲ့သည်။
ငလျင်ကြောင့် အရေးပေါ်အစည်းအဝေး ခေါ်ယူ ပြုလုပ်စဉ် တယ်လီဖုန်းဖြင့် အလုပ်ရှုပ်နေသော ချီလီသမ္မတ Michelle Bachelet
ထိုငလျှင်ကြောင့် ဆူနာမီ လှိုင်းလုံးကြီးများ ဖြစ်ပေါ်ပြီးဟာဝိုင်ယီကျွန်း၊ ဂျပန်၊ ရုရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် ပစိဖိတ်သမုဒ္ဒရာနှင့် ဆက်စပ်နေသော ကျွန်းများ၊ နိုင်ငံများသို့ ရိုက်ခတ်နိုင်ကြောင်း သတိပေးချက်များ ထွက်ပေါ်နေသည်။
မြန်မာစံတော်ချိန် ည ၁၁း၅၀ တွင် ထွက်ပေါ်လာသည့် AP သတင်းတပုဒ်တွင် French Polynesia ကျွန်းများသို့ ဆူနာမီလှိုင်း ရောက်ရှိသွားသည်ဟု ဆိုသည်။ ထိုကျွန်းများသည် တောင်အမေရိကတိုက် နှင့် သြစတေးလျတိုက်အကြားတွင် တည်ရှိသည်။
ဆူနာမီရေလှိုင်းများမှာ ၆ ပေခန့် မြင့်မားကြောင်း၊ အသေအပျောက် သတင်း မရသေးကြောင်း ရေးထားသည်။
ငလျင်ကြောင့် အရေးပေါ်အစည်းအဝေး ခေါ်ယူ ပြုလုပ်စဉ် တယ်လီဖုန်းဖြင့် အလုပ်ရှုပ်နေသော ချီလီသမ္မတ Michelle Bachelet
