>Moe Sel Nay – Existence

>

ရှိခဲ့ခြင်းများ
မိုးစဲနေ
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၀
အပိုင်းအစတွေ ရသလောက် ကောက်ယူခဲ့ရပြီး
လာလမ်းလေးအတိုင်း ပြန်ခဲ့ပါတယ်
မြက်ခင်းတွေအားလုံး ကြည်စင်ပြာလဲ့သွားမှတော့
မိုးကောင်းကင်ကိုလည်း စိမ်းလန်းစေရတော့မယ်
ပင်လယ်ကြီးကို အဖေါ်ခေါ်လို့။        ။