>
အီး-စာအုပ်စင် ဖတ်ချင်စရာများ
စာအုပ်စင် သာဂိ
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၀
ကွယ်လွန်သူ စာရေးဆရာ၊ သရော်စာဆရာ၊ ဗိုလ်မှူးဟောင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း မောင်သော်ကရဲ့ တိုက်ရေယာဉ် ၁၀၃ ကိုယ်တွေ့မှတ်တမ်းကို စကရစ်ဘ်ပေါ်မှာ အီးဘုတ်အဖြစ် တင်ဆက်ထားတာကို တွေ့ရပါတယ်။ ပြည်တွင်းက စာစောင်အချို့မှာ ပြန်လည်ဖော်ပြခဲ့ပြီး ယခုလို အီးဘုတ်အဖြစ် ထွက်ပေါ်လာတော့ စာအုပ်ဝယ်ဖတ်ချင်ပါရက်နဲ့ မဖတ်နိုင်သူများ ၀မ်းမြောက်ဖွယ်ပါပဲ။
ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိအဖြစ် သမိုင်းမှတ်တမ်းစာအုပ်တအုပ်ကိုလည်း အီးဘုတ်အဖြစ် တွေ့ရပြန်ပါသေးတယ်။ ဒါကတော့ တာတေစနေသား ဖြစ်ပါတယ်။ နောက်ဆုံးတခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သတင်းစာမှာ အခန်းဆက်ရေးသားခဲ့တဲ့ မြန်မာပြည်က လာတဲ့စာများ စာအုပ် အီးဘုတ်ကို ညွှန်းချင်ပါတယ်။ ပရိသတ်က ခဏ ခဏ မေးကြပြီး ညွှန်းရင်း ညွှန်းရင်းနဲ့ နောက်တော့ မိုးမခအီးစာကြည့်တိုက်မှာ ကတ်တလောက်လုပ်ပြီး သိမ်းထားလိုက်ပါတယ်။ ဒီမှာ သွားဖတ်ပါ – လင့်ခ်ကို ကော်ပီကူးပြီး ဘရောက်ဇာမှာ ပေ့စ်လိုက်ရင် ပီဒီအက်ဖ်တဖိုင်လုံး သင့်ကွန်ပျူတာဆီ ရောက်လာပါလိမ့်မယ်။
		