>US Citizen Burmese – Nyi Nyi Aung sentenced 5 years by the Burmese Junta

>

အမေရိကန်နိုင်ငံသား မြန်မာပြည်သား ညီညီအောင်ကို ထောင် ၅ နှစ် ချမှတ် – AAPP ထုတ်ပြန်
မိုးမခအထောက်တော် ၀၀၉
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၀
ယနေ့ ထုတ်ပြန်ချက်တွင် ၂၀၀၉ စက်တင်ဘာ ၃ ရက်က ၇န်ကုန် မင်္ဂလာဒုံလေဆိပ်တွင် စစ်အစိုးရ၏ ဖမ်းဆီးခြင်း ခံထားရသူ အမေရိကန်နိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသား၊ မြန်မာ့အရေးလှုပ်ရှားသူ ကျော်ဇောလွင် ခေါ် ကိုညီညီအောင်ကို စစ်အစိုးရ၏ တရားရုံးက ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်ဟု ထိုင်းအခြေစိုက် အေအေပီပီ အမည်ရှိ မြန်မာ့လူ့အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်သည်။
ပုဒ်မ ၄၆၈ – စာရွက်စာတမ်းအတုပြုလုပ်မှုဖြင့် ထောင် ၃ နှစ်၊ အပိုဒ် ၂၄ – နိုင်ငံခြားငွေအက်ဥပဒေဖြင့် ထောင် ၁ နှစ်၊ အပိုဒ် ၆ (၃) – နိုင်ငံသားမှတ်ပုံတင်ဥပဒေ ဖြင့် ထောင် ၁ နှစ် တို့ကို အကြောင်းပြုပြီး ထောင်ဒဏ်များကို တခုပြီး တခု ကျခံစေရန် ရုံးက ချမှတ်လိုက်သည်ဟု ဖော်ပြထားသည်။ အမှုသည် ညီညီအောင်၏ ရှေ့နေများမှာ  ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့ ဖြစ်ကြောင်း အေအေပီပီက စာတွင် ပါဝင်သည်။
ညီညီအောင်သည် အသက် ၄၀ နှစ် ရှိပြီး မြန်မာပြည်မှာ နေထိုင်ခဲ့စဉ်ကတည်းက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတဦးဖြစ်သည်။ အမေရိကန်နိုင်ငံသား အဖြစ်ခံယူပြီးနောက်တွင်လည်း မြန်မာအရေးကို တက်ကြွစွာ ဆောင်ရွက်နေသူဖြစ်သည်။ စစ်အစိုးရက ၎င်းကို လေဆိပ်တွင် ဖမ်းဆီးပြီးနောက် အကြမ်းဖက် ညှင်းပန်းနှိပ်စက်မှုများ ကျုးလွန်ခဲ့သည်ဟု အေအေပီပီက ဆိုသည်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များကလည်း ညီညီအောင်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
     ပြည်ပရောက် ၎င်း၏ မိတ်ဆွေများ၊ မြန်မာမိသားစုကလည်း ညီညီအောင်လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများတွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts