>
မိုးမခချစ်သူများဆု အထိမ်းအမှတ်အဖြစ် မိုးမခရန်ပုံငွေက ဒေါ်လာ ၁၅၀၀ လှူ
မိုးမခ
၂၀၀၉ ဒီဇင်ဘာလက မိုးမခမီဒီယာက “မိုးမခချစ်သူများ – ၂၀၀၉” အဖြစ် မြန်မာပြည်ဒီမိုကရေစီရေး နိုင်ငံရေးလှုပ်ရှားမှုနှင့် စာနယ်ဇင်း လွတ်လပ်စွာထုတ်ဖော်ခွင့်တို့တွင် အများပြည်သူလူထု၏ မျက်နှာကိုသာ ကြည့်သော ပုဂ္ဂိုလ်များ၊ မျက်နှာစာများထဲက အမှတ်တရစာရင်းကို ထုတ်ပြန်ခဲ့သည်။
စာနယ်ဇင်းဆရာများမှ ဆရာလူထုစိန်ဝင်း၊ ဆရာမောင်ဝံသ၊ မဂ္ဂဇင်းစာစောင်များမှ အတွေးအမြင်စာစောင် နှင့် အဖွဲ့အစည်းများမှ အင်န်အယ်ဒီပါတီ တို့ကို မိုးမခချစ်သူများ ၂၀၀၉ အဖြစ် သတ်မှတ်ခဲ့ကြောင်း သတင်းပို့ခဲ့ပြီး ဖြစ်သည်။
ထိုသို့ အလေးအမြတ်ပြုခြင်းအတွက် မိုးမခမီဒီယာအနေနှင့် ပြည်တွင်းသို့ တိုက်ရိုက်ဂုဏ်ပြုနိုင်ခြင်း မရှိသဖြင့် ၎င်းအထိမ်းအမှတ်အဖြစ် ကောင်းမှုအလှူတခုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး မြန်မာပြည်တွင်းရှိ အမျိုးသားရေးလှုပ်ရှားသူ ရဟန်းသံဃာ၊ ပြည်သူ၊ နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများအား ထောက်ပံ့ကူညီမှု ရန်ပုံငွေအလှူအဖြစ် အမေရိကန် ဒေါ်လာ ၁၅၀၀ ကို သတ်မှတ်လှူဒါန်းခဲ့ကြောင်း မှတ်တမ်းတင်အပ်ပါသည်။
မိုးမခ၀ိုင်းတော်သားအားလုံး၏ အလှူ၊ မိုးမခချစ်သူ ပရိသတ်နှင့် အလှူရှင်များအားလုံး၏ အလှူအဖြစ် ၀မ်းမြောက် ၀မ်းသာ အသိအမှတ်ပြုကြရန် အကြောင်းကြားလိုက်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။