>
ကိုးကား – ကော်လိုရာဒို မြန်မာမိသားစုများ ဘလော့ဂ်စာမျက်နှာ
ဖေဖော်ဝါရီ ၃၊ ၂၀၁၀
၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒန်ဗားမြို့မှာ မွန်အမျိုးသားများ ဦးဆောင်ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို နေ့လည် ၁၂ နာရီမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် မွန်အမျိုးသားသီချင်း သီဆိုပြီး မွန်အလံတော်အား အလေးပြုခြင်း အစီအစဉ်နဲ့ အခမ်းအနားကို စတင်ခဲ့ပါတယ်။


မွန်ဘုရင် သမလ၊ ဝိမလ ညီနောင်တို့ ဟံသာဝတီ နေပြည်တော်ကို စတင်တည်ထောင်တဲ့ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကိုအစွဲပြုပြီး မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။