>Yar Ma Nya War so – on behalf of our brother

>

Kyae Thee
ကိုယ်စား
ရာမည၀ါဆို
ဇန်န၀ါရီ ၂၉၊ ၂၀၁၀
ကျွန်ုပ်ဗိုက်ရွှဲရွှဲနဲ့      အမှိုက်လှဲကာ
လူ့ပြည်အရေးအတွက်    ကုဋီဆေးကာ
ဖြေလည်း မဆုံပေမဲ့  
ပြည်(ပြေ) အတွက်ကျေနပ်လို့ငိုခဲ့။

တနေကုန် ရွှေရက်ကို  နေတတ်ခဲ့ကြတယ်
ဘုရားခန်း … ဘုန်းတော်ကြီးကျောင်း …
အမှိုက်လှဲ ကုဋီဆေးလို့ 
အဖွဲ့လိုက်ကလဲ ဆွမ်းကပ်   လွမ်း (လွန်း)
ရက်တရက်မှာ … ပျော်စရာ။

လန်းဆန်းနေတဲ့ ငြိမ်သက်နေတဲ့
ပတ်ဝန်းကျင် … အားလုံးက ….
ခင်ဗျားကို ဒီခဏပြန်လာပါလို့ ဖိတ်ခေါ်နေသလိုလို။

တံပြက်စည်း တချက်လှဲတိုင်း ပေါ့ပေါ့ပါးပါး
လုပ်သမျှ အကြောင်းရင်းခံကို သိနေတာမို့ လေ…
စားပွဲခုံကို မပြီး      ကိုယ်စီကိုယ်စီ တစိတ်ထားကာ
ဘုန်းကြီးများရှေ့ကိုချတယ်
လုပ်သမျအားလုံးကတော့ ဖြေးဖြေးလျှောလျှောာပါပဲ။

ဒါပေမဲ့ …
ပီတိလား
သတိလား
အသိလား
သတ္တိလား
ဘာတွေလဲတော့ မသိဘူး
အဲဒီအချိန်မှာ ဆရာတော်ကြီးရဲ့ ပြောသံကိုကြားလိုက်ရတယ်
အာယု … ၀ဏ္ဏ … သုခံ … ဗလံ … တဲ့
အစ်ကိုကိုယ်စား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts