>Mar Mar Aye – Remembering Tin Moe

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

ကိုကြီးမိုး သို့

(၂၀၁၀ အမှတ်တရ)
မာမာအေး
ဇန်န၀ါရီ ၂၃၊ ၂၀၁၀
အနုပညာ
နတ်ဝိဟာက
ကဗျာသဇိုး
ကိုကြီးမိုးရေ ..
နှင်းဖြိုးရက်ကျန်
ဇန်န၀ါရီ ရောက်ပြန်ပြီလေ။
‘သေသောသူ ကြာလျှင်မေ့တယ်’ လ
ရှေးရှေ့က ဆိုစကား
ကြားတော့ ကြားဖူးသားပေကပဲ
နှမတို့ ရင်ထဲမှာတော့
မလျော့တဲ့ သံယောဇဉ်
ကဗျာဥာဉ် စာစဉ်လေတိုင်း
လှိုင်းခတ်တဲ့ နှလုံးမှာ
ပြုံးပြုံးကြီး မြင်နေသကိုး။
ကိုကြီးမိုးသာ ရှိရင်
ရေးလိုက်မယ့် ကဗျာတွေ တပုံတပင်
ပြောဖို့ရာ လိုမထင်
မောင့်နှမ အေးခင်ခင်
မောင့်လိုပင် ငြိမ်းစဉ်ကြိုက်သော်ကြောင့်
ဂန္ထ၀င် မတင်လောက်ပေတဲ့
ရဲတောက်တဲ့သစ္စာ
ဒေါင်းမြန်မာ အခါ ရစေဖို့
ရင်တွင်းနာ ခ၀ါချလို့ရယ်
မေတ္တာ ဘာဝနာ ကဗျာ မျှဝေပါကြောင်း။  ။
၂၀၁၀ ပြည့် ဇန်န၀ါရီလ ၂၀ ရက် မွန်းတည့်ချိန်
ကိုခင်မောင်လေး ဓာတ်ပုံကို ကျေးဇူးပြုပါတယ်
(ယခု ဒေလီးစီးတီးကျောင်းဆရာတော်၊ ဦးတင်မိုး၊ ဒေါ်မာမာအေး၊ ကိုခင်မောင်လေး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts