>Burmese in LA hosted a Burmese language class for young and old

>

တောင်ပိုင်းကယ်လီဖိုးနီးယားမြန်မာအသင်းက မြန်မာဘာသာသင်တန်း အပတ်စဉ်စတင်
မိုးမခအထောက်တော် ၀၀၂
ဇန်န၀ါရီ ၂၀၊ ၂၀၁၀
          လက်ခံရရှိတဲ့ အီးမေးတခုအရ သိရှိရသည်မှာ – အမေရိကန်ပြည်၊ အယ်လ်အေမြို့တွင် ထူထောင်ထားတဲ့ တောင်ပိုင်ကယ်လီဖိုးနီးယားမြန်မာအသင်းက မြန်မာဘာသာစကား သင်တန်းတခုကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇ က စတင်ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ အယ်လ်အေဒေသရဲ့ မွန်ထရေးမြို့က မြန်မာအခမ်းအနားများ၊ မြန်မာစာပေဟောပြောပွဲများ ကျင်းပနေကြ နေရာတခုဖြစ်တဲ့ အောင်ဇေခန်းမမှာ ဖွင့်ပွဲနဲ့ စတင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပရောက် မြန်မာမိသားစုတွေ သောင်းဂဏန်းရှိနိုင်တဲ့ အယ်လ်အေဒေသက မြန်မာဘာသာစကား စိတ်ဝင်စားသူ မိသားစု၊ ကလေးသူငယ်နဲ့ လူမျိုးခြားအာရှသားတို့ကလည်း တက်ရောက်အားပေးကြပြီး ကလေး၊ လူကြီး ဦးရေ ၃၀ ခန့်နဲ့ အဆိုပါ မြန်မာဘာသာစကား အပတ်စဉ်သင်တန်းကို စတင်သင်ကြားပေးတယ်လို့ ဖော်ပြထားပါတယ်။
          အသေးစိတ်ကို ၎င်းအသင်းရဲ့ပြန်ကြားစာကို အောက်ပါအတိုင်း ပူးတွဲဖတ်ရှုနိုင်ရန် တင်ပြလိုက်ပါတယ်။ မြန်မာဘာသာစကားသင်တန်းကို မြန်မာပြည်မှာကတည်းက ကလေးသူငယ်များကို စာသင်ကြားတဲ့ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမအလုပ် ဆောင်ရွက်ခဲ့ဖူးသူများက ဦးဆောင်သင်ကြားပေးတယ်ဆိုတဲ့ အချက်က စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ သတင်းကို မျှဝေပေးသူကို ကျေးဇူးတင်ပါတယ်။