>no freedom of donation

>

နိုင်ငံရေးအဖွဲ့ အလှူမလုပ်ရဟုဆို
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၉၊ ၂၀၁၀
ရန်ကုန်မြို့၊ အလုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့မှ ပဒေသာပင်။ အလုံမြို့နယ် NLD အဖွဲ့ဝင်များ၏ လှူဒါန်းငွေ ကျပ် ငါးသောင်းဖြင့် ပြင်ဆင်ထားသည့် ထိုပဒေသာပင်ကို အလုံနယ်လုံးဆိုင်ရာ သာသနာ့နုဂ္ဂဟ ဆွမ်းလောင်း အသင်း၏ ဆွမ်းလောင်းမဏ္ဍပ်များမှတဆင့် လှူဒါန်းရန် စီစဉ်ခဲ့သည်။ သို့သော်လည်း ဒေသခံ ဂေါပက အဖွဲ့က နိုင်ငံရေးပါတီများ ပါဝင်လှူဒါန်းရန် ခွင့်မပြုကြောင်း တားမြစ်ခဲ့သည်ဟု ဆိုသည်။
မိုးမခ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts