>Aung Way – New Year Wish – Poem

>

နှစ်သစ်ကူးဆုတောင်း
အောင်ဝေး
ဇန်န၀ါရီ ၅၊ ၂၀၁၀
၂၀၁၀ သည်
မြစ်တစ်မြစ်ဖြစ်မယ်ဆိုရင်လည်း
ရေစီးသန်သောမြစ် ဖြစ်ပါစေ။

၂၀၁၀ သည်
မြင်းတစ်ကောင်ဖြစ်မယ်ဆိုရင်လည်း
ဒုန်းစိုင်းနေသောမြင်း ဖြစ်ပါစေ။

၂၀၁၀ သည်
မြားတစ်စင်းဖြစ်မယ်ဆိုရင်လည်း
ရန်သူရဲ့ ရင်အုံကို စူးဝင်ထွင်းဖောက်နိုင်သောမြား
ဖြစ်ပါစေသတည်း။        ။

(၂၀၁၀ လွတ်လပ်ရေးနေ့)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts