>Khin Nadi – Sein Poem

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

စိမ်းရက်ရင် စိမ်း
ခင်နဒီ
ဒီဇင်ဘာ ၂၉၊ ၂၀၀၉
အယူခံဝင်တေး
ကိုယ်မရေးချင်လည်း
အသဲပူဆာ မနေသာလို့
ရေးပါရစေ
အလွမ်းဝေတဲ့စကားကို
ကျွမ်းနေတဲ့နှလုံးသားနဲ့ ဆိုမယ်
လွမ်းကြေလျက် ရတက်ပွေသမျှ
စိတ္တဇညတွေ ကုန်ပါစေ၊၊

တို့နှစ်ဦးရဲ့ ကမ္ဘာမှာ
နားလည်စွာနဲ့ ညှိခဲ့တဲ့ သံစဉ်
ကာရံတွေ မပီပြင်လည်း
အသဲချင်းသိ ပီတိဝေဖြာ ပျော်ခဲ့ပါတယ်
သြော် … ခုတော့ ချစ်ခွင့်ကြုံလို့ တွေ့ဆုံခဲ့ရ
တို့ ဘဝတွေ ချစ်ကံခေတော့
ကာလမှားလွဲ အသဲသာကြွေ
အချစ်မြေမှာ အပျော်ခြေလှမ်းသမျှ
အလွမ်းသာ ခြေရာကျန်
ရင်ခွင်မှာ ဒဏ်ရာဖြစ်
မဆုံဖြစ်ခဲ့ကြရင် ကောင်းသား၊၊

ခုများတော့လေ
ဘယ်ဆီမှာ နေ
ဘယ်မြေကို ရောက်
ဘယ်လောက် ဝေးဝေး
အတွေးနဲ့သာ လွမ်း
ရင်ခွင်မှာ နွမ်းပေါ့
ကျွမ်းခဲ့ရ ချစ်သူ
လွမ်းမိတဲ့ဒီလူဟာ
အမုန်းနဲ့ထိုက်သူလား၊၊

မုန်းလိုက်ပေါ့ ချစ်သူ

ကြားလူကို မင်းယုံလို့
စုံကန်ခဲ့ ချစ်ရင်ခွင်
ဘယ်လိုပင်စိမ်းသော်လည်း
မယိုင်းယိုင် ကိုယ်ချစ်တွေက
မမုန်းနိုင် ခိုင်လျက်သာမို့
မေ့နိုင်သူ စိမ်းသူကြီးရယ်
စိမ်းရက်ရင် စိမ်း၊၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts