>Burmese Literary Talk in LA

>

အယ်လ်အေ မြန်မာများရဲ့ အမျိုးသားနေ့စာပေဟောပြောပွဲ ကျင်းပပြီးစီး
မိုးမခအထောက်တော် ၀၀၂
နိုဝင်ဘာ ၂၄၊ ၂၀၀၉
( မေငြိမ်း၊ အောင်ဝေး နှင့် မာမာအေးတို့ ပွဲစင်မြင့်တွင် တွေ့ရစဉ်)
          အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား၊ အယ်လ်အေရောက် မြန်မာများနှင့် ရတနာပုံမန္တလေးဂေဇက် သတင်းစာ၊ အယ်လ်အေသြဂနိုက်ဇာဖော်ဘားမား အဖွဲ့တို့ စုစည်းကျင်းပတဲ့ မြန်မာပြည်ရဲ့ ၈၉ ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်စာပေဟောပြောပွဲကို စာရေးဆရာနှင့် အနုပညာရှင်များဖြစ်ကြတဲ့ ဂီတပညာရှင် မာမာအေး၊ ကဗျာဆရာ အောင်ဝေးနဲ့ စာရေးဆရာမ မေငြိမ်းတို့နဲ့ မြန်မာများစုဝေးရာ အောင်ဇေခန်းမမှာ နိုဝင်ဘာ ၂၂၊ တနင်္ဂနွေနေ့က နေ့ခင်း ၂ နာရီက ၆ နာရီအထိ ကျင်းပခဲ့ပါတယ်။ ပရိသတ် ဦးရေ ၁၀၀ နီးပါး တက်ရောက်ကြပြီး မြန်မာ့ရိုးရာ မုန့်ပဲသရေစာများကို ကျွေးမွေးပါတယ်။ မင်းကိုနိုင်ရေးသားတဲ့ နောက်ကြည့်မှန် ၀တ္ထုစာအုပ်ကို အေအေပီပီ – မြန်မာပြည်၏ ရန်ပုံငွေအတွက် ရောင်းချပေးပါတယ်။
အောင်ဝေး၊ မေငြိမ်း နဲ့ မာမာအေးတို့ အခမ်းအနားစင်မြင့်အနီးတွင် မြင်တွေ့ရစဉ်

အဖွင့်စကား ပြောကြားနေသူ ရတနာပုံမန္တလေးဂေဇက် ဥက္ကဋ္ဌ ဦးဇော်ထွန်း

အမှာစကား ပြောကြားနေသူ ဒေါက်တာအောင်ခင်

အောင်ဝေး ဟောပြောနေစဉ်

ဆရာမ မေငြိမ်းကို မိတ်ဆက်ပေးနေသူ ဒေသခံ ဘလော့ဂါ မျိုးချစ်မြန်မာ

မေငြိမ်း ဟောပြောနေစဉ်

ဂီတပညာရှင် (ဒေါ်) မာမာအေးကို မိတ်ဆက်ပေးနေသူ ဒေသခံ စာပေ၀ါသနာရှင် ဒေါက်တာအောင်မျိုးသန့်

ဂီတပညာရှင် (ဒေါ်) မာမာအေး

ပွဲတော်လာ စာပေချစ်သူများနှင့် စာရေးဆရာတို့ အမှတ်တရဓာတ်ပုံရိုက်ကြစဉ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts