Poems

Min Ko Naing – Poem

ကျနော့်ဘ၀ ကျနော့်အနုပညာ (မင်းကိုနိုင် ဖေ့စ်ဘွတ်) က ကဗျာ

ဇွန်၊ ၂၇၊ ၂၀၁၃


မိုင်ထောင်ချီဝေးတဲ့ ကျွန်းလေးမှာ
ထောပတ်နံ့တွေကြား
ငပိစားတဲ့ လျှာတွေ
ကမ္ဘာမကြေ သီချင်းကို
ဝမ်းခေါင်းသံကြီးတွေနဲ့
ကြက်သီး ဖြန်းဖြန်းထ
သံပြိုင်ဆိုခဲ့ကြ

စိန်ခေါ်သံတွေပြန်ထူး
မျက်ရည်လူးတဲ့ ပါးပြင်
နှုတ်ဆက်အနမ်းတွေအပြန် အလှန်တင်

လေးလံတဲ့ ရင်ထဲ
မိတ်ကပ်အနံ့တွေ စွဲကျန်လို့
လေဆိပ်တိုင်းမှာလဲ
ရေမွှေးပြိုင်ပွဲတွေ ခြိမ့်သဲ

အမိမြေကတော့
ရေချိုးပြီးစ အပျိုမလေးမျက်နှာမျိုးနဲ့
ကြိုလို့…….။

( မင်းကိုနိုင် )
နယုန်လပြည့်ကျော် ၃ ၊
ည ၇း၁၇။ မင်္ဂလာဒုံလေဆိပ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts