>Aung Way – His Unity Poem

>

အောင်ဝေး၏ ညီညွတ်ရေး
အောင်ဝေး
နိုဝင်ဘာ ၁၀၊ ၂၀၀၉
ကျနော်တို့ဟာ ညီညွတ်ကြပါလို့ ဆိုရင်
မညီညွတ်ချင်ကြဘူး။

မညီညွတ်ကြကြေး ဆိုရင်တော့

သိပ်ကို ညီညွတ်တတ်ပါတယ်။

ညီညွတ်ရေးဟာ
ဘုရားဟောဒေသနာလိုပဲ အရေးကြီးတာ
ကိုယ်က အရေးမမူ ပေမဲ့
ရန်သူက အရေးမူတယ်။

ရန်သူက ကိုယ်တွေကို
မညီညွတ်အောင် အမြဲ သွေးခွဲမယ်။

ဒါကို ကိုယ်တွေက သတိမူပြီး
သွေးမကွဲအောင် ညီညွတ်အောင် ကြိုးစားဖို့ပါ။

ဒီအချက်ကို တိုက်တွန်းချင်လို့
အခု ကဗျာကို ရေးလိုက်ပါတယ်။

ကဗျာခေါင်းစဉ်က
ညီညွတ်ရေး

ကဗျာစာသားကလည်း
ညီညွတ်ရေး ပါပဲ။         ။


နိုဝင်ဘာ ၉ ၊ ၂၀၀၉