ကြော်ငြာကဏ္ဍ

Adv

ဒုတိယအကြိမ်မြောက် စုပေါင်း သာသနာ့အမွေခံ ပွဲတော်ကြီးကျင်းပမည်
မိုးမခရွာဆော်ကြီး
ဇူလိုင် ၂၊ ၂၀၁၃
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အမာရီလိုမြို့ တွင် မြန်မာနိုင်ငံနွယ်ဖွား တိုင်းရင်းသားပေါင်းစုံမှ စုပေါင်း တည်ထောင်ထားအပ်သော ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်ကြီးတွင် မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းကြီးမှ ဦးစီး၍ စေတနာရှင် ကုသိုလ်ရှင်အပေါင်းတို့က ဒုတိယအကြိမ်မြောက် စုပေါင်း သာသနာ့အမွေခံ ပွဲတော်ကြီးကို ကျင်းပမည်ဖြစ်သည်။  
ပွဲတော်ကြီးကို မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ ဆင်ယင်ကျင်းပ၍ ရှင်လောင်းလှည့်လည်ပွဲကျင်းပခြင်း၊ နယူးယောက်မြို့ မှ စွယ်စုံအနုပညာရှင် စန္ဒယား အောင်ဝင်းနှင့်တွဲဖက်၍ ကိုသောင်းယု၊ ကိုသန်းနိုင်ဦးဆောင်သော black spirit ခေတ်ပေါ်တေးဂီတအဖွဲ့၊ အမာရီလို ယဉ်ကျေးမှု အနုပညာ အကအလှအဖွဲ့များမှ အနုပညာ အကအလှ တေးသရုပ်ဖေါ်များဖြင့်  ဖျော်ဖြေခြင်းတို့ကိုပါ ထည့်သွင်းကျင်း ပကြပြီး အလှူရှင်များမှ မြန်မာ့ရိုးရာ အစားအစာ စုံလင်စွာတို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးလှူဒါန်းကြပြီး ရွှေဗီဒီယိုမိသားစုများက တိုက် ရိုက် ရိုက်ကူးတင်ဆက်မည်ဖြစ်ပါသည်။
အဆိုပါပွဲတော်ကြီးကို ၁၃၇၅ ခုနှစ် ဝါဆိုလပြည့်ကျော်  (၅/၆) ရက် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၇/၂၈ ရက် စနေ တနင်္ဂနွေနေ့များတွင် ကျင်းပ မည် ဖြစ်ပါသည်။ သာသနာအမွေခံပွဲတော်ကြီးတွင် ပါဝင်လှူဒါန်းလိုသော ကုသိုလ်ရှင်များ၊ မိမိတို့၏ သားသမီးများအား ရှင်/ရဟန်း/သီလရှင်အဖြစ်ဖြင့် သာသနာ့အမွေခံ ကုသိုလ်တော်ယူလိုကြသော စေတနာရှင် ကုသိုလ်ရှင်များအနေဖြင် မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းနှင့် ဇေယျသုခ ဓမ္မရိပ်သာသို့ ဆက်သွယ်စာရင်းသွင်းနိုင်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မြန်မာထေရဝါဒ ဗုဒ္ဓဘာသာအသင်း
ဇေယျသုခ ဓမ္မရိပ်သာ      – Amarillo, Tx , U.S.A

btbfjaya@gmail.com    ph.. (806)373-1346   (806)290-8017

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts