>Burmese Exiles in Indonisia got objection from the Junta

>

အမျိုးသားပြန်လည်သင့်မြတ်လိုသူ ပြည်ပရောက်မြန်မာ့အရေးလှုပ်ရှားသူတို့၏ အင်ဒိုနီးရှားအစည်းအဝေးကို စစ်အုပ်စုက ကန့်ကွက်

အင်ဒိုအေးရှားနယူးဆားဗစ်

သြဂုတ် ၁၄၊ ၂၀၀၉

အာရှအချိန် သြဂုတ် ၁၂၊ ၁၃ ရက်များက အင်ဒိုနီးရှားတွင် ပြည်ပရောက်မြန်မာ့အရေးလှုပ်ရှားသူများ အစည်းအဝေးတခု ကျင်းပပြီး စစ်အုပ်စုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး နည်းလမ်းများ၊ အစီအစဉ်များကို ရေးဆွဲတင်ပြနေချိန်တွင် စစ်အုပ်စု၏ သံရုံးကတဆင့် အင်ဒိုနီးရှားအာဏာပိုင်များကို ကန့်ကွက်ခဲ့သဖြင့် ၎င်းတို့အစည်းအဝေးများကို ခွင့်ပြုနေခြင်းကို ရုတ်သိမ်းခြင်း သို့မဟုတ် ကန့်ကွက်ခြင်းများကို အင်ဒိုနီးရှားလုံခြုံရေးတို့က ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

၎င်းတို့ဆွေးနွေးချက်များတွင် စစ်အုပ်စု ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကိုလွှတ်ပေးရန်၊ ၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံး ပြိုင်ဆိုင်ခွင့်ကို ပြည်ပကနိုင်ငံရေးအဖွဲ့အစည်းများ အပါအ၀င် ရှိလာရေး စဉ်းစားကြရန်၊ စစ်အုပ်စုကို မြန်မာပြည်ဒီမိုကရေစီရေးလမ်းကြောင်း ဖော်ဆောင်ရေးတွင် လက်တွဲဆောင်ရွက်ရန် စသည်တို့ ပါဝင်သည်ဟု ကြားသိရသည်။

သို့သော်လည်း စစ်အုပ်စုက သံရုံးကတဆင့် အင်ဒိုနီးရှားအာဏာပိုင်တို့ကို ကန့်ကွက်ခဲ့သဖြင့် ၎င်းတို့ကိုယ်တိုင်ခွင့်ပြုသိရှိခဲ့ပြီးဖြစ်သည့် ထိုဂျာကာတာအစည်းအဝေးအပေါ် အင်ဒိုနီးရှားအာဏာပိုင်တို့၏ ထောက်ခံအားပေးမှုကို ရုတ်သိမ်းသည့် အမှုအရာများ ပြသခဲ့ခြင်းဖြစ်သည်။

၎င်းအစည်းအဝေးတက်ရောက်သူများမှာ မဟာမိတ် ၇ ဖွဲ့ဟု အမည်ပေးခြင်းခံထားရသော အောက်ပါအဖွဲ့အစည်းများက ဖြစ်သည်ဟု သိရသည်။ The NCUB, the NCGUB, Ethnic Nationalities Council (ENC), Women’s League of Burma (WLB), Students and Youth Congress of Burma (SYCB), Nationalities Youth Forum (NYF) and Forum for Democracy in Burma (FDB).


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts