>Shwe Phone Lu – Great Expectation

>

မျှော်

ရွှေဘုန်းလူ

သြဂုတ် ၅၊ ၂၀၀၉

မြန်မာပြည် ငြိမ်းချမ်းပါစေ

သွေးစက်တွေ စိုလူး

အလံဦးမှာ ကိုယ့်အမည်ချိတ်လို့

ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။

အမေတွေမျှော်မှာ သိရက်နဲ့

အိမ်အပြန်ခက်သော သားများ

ပျောက်ဆုံးသွားတာ

ကာလကြာပြီ။

ပိတ်မသွားရသေးတဲ့

သားကြီးတို့ရဲ့ ကျောင်းစာအုပ်မှာ

ဒေါင်းရုပ်ကလေးတွေ သားငယ် ဆွဲလို့

မေမေလည်း

မျက်ရည်စို့ကာ မျှော်ရော့မယ်။

၁၉၈၈ရဲ့ 

လက်နက်နဲ့ လွယ်အိတ်တိုက်ပွဲများ

မှုန်ဝါးပြာဝေ ကမ္ဘာမကြေဘူး

ဘီလူးတခေတ် ဒေါင်းတခေတ်။

တနေ့နေ့လေ

မသေသေးရင် ပြန်လာချင်တယ်

ရင်မှာထွေးလို့ ကြိုပါမေမေရယ်။

ခုတော့

ဗမာပြည် ငြိမ်းချမ်းပါစေ

သွေးစက်တွေ စိုလူး

အလံဦးမှာ ကိုယ့်အမည်ချိတ်လို့

ကြိုးစင်ရိပ်ဝယ်

ကျနော်တို့ တိုက်ပွဲဝင်နေပါတယ်။ ။

(သြဂုတ်လ ၅ ရက် ၊ တာရာမင်းဝေကွယ်လွန်ခြင်း ၂ နှစ်ပြည့် အမှတ်တရ)