>Tin Ko Minn Nyo – Poem

>

အလွမ်း

တင်ကိုမင်းညို

ဇူလိုင် ၁၂၊ ၂၀၀၉

သူရူးမ တယောက်ကတောင်

သူ့သားအတွက် …

ခုလို ရူးသွပ်နိုင်ပါ့မလား

ခုလို…. နှစ်နှစ်ဆယ်ကျော် …။

ဝေဒနာကို

ရင်ဘတ်စည်တီး ပြောကြကြေးဆိုရင်

ညည်းသိရဲ့လား

ငါတို့ …

သက်ပျောက်ဆွမ်းကပ်ခဲ့ရတဲ့ သားတွေ

ခု … ရှိနေသေးတယ်။

အိပ်မက်တွေကလည်း

တိမ်းတိမ်းပွေပွေနဲ့။

သြော်… ဒါနဲ့

ထမင်းထုပ် သိမ်းပြီးပြီလား

ဒီည … ဘာဟင်းလဲ

ကျုပ် …

မန်ကျည်းရွက်သုပ်

သူ့ကို … စားချင်နေတယ်အေ ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts